ကိုယ့်ဘဝက ကိုယ့်လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှု

blank

ခက်ခဲရှုပ်ထွေးလှတဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေက နည်းအမျိုးမျိုးနဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ မလွဲပါဘူး။ လောကဓံရဲ့ ရိုက်ချက်တွေကလည်း ကိုယ့်ကို နှိပ်စက်နေအုံးမှာပဲ။ ဘဝမှာအရေးကြီးဆုံးက ဒါတွေကို ကိုယ်ဘယ်လိုခံယူမလဲ ဆိုတာပါပဲ။ အခြားသူ အရောင်ဆိုးတာနဲ့ ကိုယ်ကလိုက်အရောင်ပြောင်းရမယ် ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါကြောင့် နာကြင်နေတဲ့အချိန်မှာ ငိုကြွေးလိုက်ပါ။ ဒါပေမယ့် ကိုယ့်အမှားကြောင့်တော့ ပတ်ဝန်းကျင်ကို ဒုက္ခမရောက်ပါစေနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နှလုံးသားရှိတဲ့ လူသားတွေဖြစ်တာမို့ နာကျင်နေတဲ့အချိန်မှာ ခံစားကြေကွဲတာ ပြဿနာမဟုတ်ပေမယ့် ဒီကြေကွဲမှုတွေက ကိုယ့်ဘဝတစ်ခုလုံးကို ထိန်းချုပ်လွှမ်းမိုး နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒီတော့ နေ့သစ်တစ်နေ့စတင်ပြီဆိုတာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ကိုယ်မှန်တယ်ထင်တဲ့အရာတွေနဲ့ စတင်လိုက်ပါ။ အကယ်၍ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင်လည်း ခဏလောက် အနားယူလိုက်ပါ။ ပြီးရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အားတင်းပြီး ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။ ဘဝက သိပ်ကို ရိုးရှင်းလွန်းပါတယ်။ အမှားတွေပြုလုပ်မိလည်း သင်ယူပြီး ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးဖို့ အဓိကပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။