တစ်ယောက်တည်း ရပ်တည်နေတဲ့ မိန်းမသားမို့ လျှော့မတွက်လိုက်ပါနဲ့

blank

Relationship မရှိဘဲ တစ်ယောက်တည်း ရပ်တည်နေတဲ့ မိန်းမသားမို့ အထင်မသေးလိုက်ပါနဲ့။ သူမ ပတ်ဝန်းကျင်က ဖြစ်လွယ်ပျက်လွယ် ချစ်သူဆက်ဆံရေးတွေကို သဘောမကျလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် “ခဲမှန်ဖူးတဲ့ စာသူငယ်” ဆိုသလို သစ္စာမရှိတဲ့သူနဲ့ ကြုံတွေ့ခဲ့ရဖူးလို့ ဖြစ်နိုင်ပါတယ်။

နောက်ထပ်ယုံကြည်ဖို့ ခက်ခဲနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူမကို အကြွင်းမဲ့ နားလည်ပြီး ဆက်ဆံရေးကို အထူးဂရုစိုက်တဲ့ ချစ်သူမျိုးကို မတွေ့သေးလို့ ဖြစ်နိုင်ပါတယ်။ သူမနဲ့ထိုက်တန်တဲ့ သူမချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားမယ့်သူ ရောက်မလာသေးလို့ ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မညီတဲ့ အိမ်ထောင်ဖက်နဲ့ ရောင့်ရဲတင်းတိမ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြစ်သန်းဖို့ထက် ဒီလိုတစ်ယောက်တည်း ရပ်တည်နိုင်အောင် သူမမှာ စိတ်ဓါတ်ခွန်အားတွေ၊ ကောင်းမွန်မှန်ကန်တဲ့ သဘောထားတွေ နဲ့ ယုံကြည်မှုအပြည့် ရှိနေသေးတာကကို လေးစားစရာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။