အိမ်ထောင်ပြုခါနီး လွဲမှားတဲ့ စဉ်းစားဆုံးဖြတ်ခြင်းများ

blank

လင်မယားတွေ လက်ထပ်ပေါင်းသင်းပြီး နှစ်ပေါင်း အတော်ကြာမှ၊ သားသမီးတွေ ရပြီးကာမှ ကွဲကွာကြတာတွေ တွေ့ဖူးကြမှာပါ။ အဲဒီအချိန်ကျရင်တော့ တစ်ယောက်ကိုတစ်ယောက် မုန်းတီးနာကျည်းပြီး “အစထဲက နင့်ကို မယူခဲ့သင့်ဘူး” စတဲ့ စကားလုံးတွေနဲ့ အနိုင်ပိုင်းတတ်ကြပါတယ်။ ဒီလိုမျိုးအခြေအနေတွေ ဖြစ်ရတာဟာ လက်ထပ်ခါနီး သေချာ မစဉ်းစားခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

အောက်ဖက်မှာ ဖော်ပြထားတဲ့အတိုင်း လက်ထပ်ဖို့အတွက် အခြေခံကျတဲ့ အချက်တွေ မဟုတ်ကြတာကြောင့်လည်း အိမ်ထောင်ရေး မသာယာမှုတွေ ဖြစ်ပါတယ်။

၁။ လက်ထက်ခြင်းကသာ နောက်ဆုံးပန်းတိုင်လို့ ယူဆပြီး လက်ထပ်လိုက်ခြင်း။

လူနှစ်ယောက် လက်တွဲလာတာလည်း ကြာပြီ၊ ပတ်ဝန်းကျင်မှာလည်း လိုက်ဖက်ညီတဲ့ အတွဲလေးအဖြစ် လူသိများလာတဲ့အခါ လက်ထပ်လိုက်ဖို့ ဆုံးဖြတ်ကြတော့တာပါပဲ။

တွဲလာတာ ကြာပြီဆိုတိုင်း နောက်ဆုံး လက်ထပ်လိုက်ရမယ် ဆိုတာက သိပ်ကိုရှေးဆန်လွန်းတဲ့ အယူအဆ တစ်ခုပါ။ လူတစ်ယောက်အကြောင်း သိလာလေလေ သူနဲ့ လက်တွဲသင့်မတွဲသင့် ပိုပြီးသိလာလေလေပါပဲ။

၂။ တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်လောက်အောင် ချစ်မြတ်နိုးနေခြင်း။

ဒီလိုတစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မြတ်နိုးနေကြပြီဆိုရင် နှစ်ယောက်ပေါင်းစပ်လိုက်တာနဲ့ ဘဝဟာ ပြီးပြည့်စုံသွားလိမ့်မယ်လို့ ယူဆလိုက်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက် ကြုံတွေ့ရမယ့် တစ်ခြားအဆင်ပြေမှု၊ မပြေမှုတွေဆိုတာတွေလည်း မစဉ်းစားကြတော့ပါဘူး။

ချစ်ခင်နှစ်သက်တိုင်း ဘဝတစ်ခုထူထောင်လို့မရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။

၃။ ပတ်ဝန်းကျင်မှာ တစ်ကိုယ်တည်းသမားမို့ အရာမသွင်းတာတွေကို မခံချင်လို့ လက်ထပ်လိုက်ခြင်း။

လက်မထပ်ရသေးတဲ့သူတွေဆို မရင့်ကျတ်သေးသူများဟု ပတ်ဝန်းကျင်က ယူဆတတ်ကြပါတယ်။ အိမ်ထောင်ကျသွားပြီဆိုရင်တော့ ပတ်ဝန်းကျင်ကလည်း အထိုက်အလျောက်နေရာပေး ဆက်ဆံလာကြပါတယ်။ ဒီအခြေအနေတွေကြောင့် လက်ထပ်လိုက်တာဆိုရင်လည်း ဒါဟာ အခြေခံကျတဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။

၎။ အိမ်ထောင်ဖက်က အစစ အဆင်ပြေနေတဲ့ လူသားတစ်ဦး ဖြစ်နေလို့ လက်ထပ်ခြင်း။

ကိုယ့်အိမ်ထောင်ဖက်ဟာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိသူဖြစ်ပြီး ကိုယ့်ကိုလည်း အရမ်းချစ်မြတ်နိုးသူ၊ ဝင်ငွေလည်း အသင့်အတင့်ရှိသူဖြစ်တာကြောင့် လက်ထပ်လိုက်ခြင်းဖြစ်ပါတယ်။ တစ်ကယ်တော့ လက်ထပ်ခြင်းမှာ ဒီလိုအဆင်ပြေမှုတွေအပြင် အခြားအရေးပါတာတွေ အများကြီး ထည့်စဉ်းစားဖို့လိုပါသေးတယ်။

၅။ ဘဝကို တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းရမှာ ကြောက်၍ လက်ထပ်ခြင်း။

“အပျိုကြီး တစ်သက်လုံး ကြောင်သာ အဖော်ပြုနေပေတော့” စတဲ့ ကျီစယ်တဲ့ မှုတွေအပြင် ဘဝတစ်လျှောက်လုံး အထီးကျန်နေမှာစိုးလို့ လက်ထပ်ကြခြင်း တွေဟာ အိမ်ထောင်သက်ကြာလာပြီး အိမ်ထောင်ရဲ့ ဒုက္ခတွေ ကြုံလာတဲ့ အခါမှသာ မှားမှန်းသိလာတတ်ပါတယ်။

၆။ ချစ်မြတ်နိုး လွန်းတာကြောင့် အပြစ်တွေ ရှိနေလျက် လက်ထပ်လိုက်ခြင်း။

လက်ရှိ ဘဝမှာ အဆင်မပြေတာတွေ များလွန်းပေမယ့် လက်ထက်ပြီးရင်တော့ ပြောင်းလဲလာမှာပါဆိုပြီး ရှေ့ဆက်လက်တွဲဖို့ ဆုံးဖြတ်လိုက်ခြင်းတွေဟာ သိပ်ကိုစိတ်ကူးယဉ်ဆန် လွန်းလှပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဗီဇစိတ်ဆိုတာ ပြင်ခဲလှပါတယ်။ ဒါကြောင့် ဒီလိုအမူအကျင့်တွေဟာလည်း ကြီးမားတဲ့ ပဋိပက္ခတွေဆီ ဦးတည်သွားနိုင်တယ်ဆိုတာ သတိပြုရမှာပါ။

၇။ ဘဝကို နှစ်ယောက်အားနဲ့ ဖြတ်သန်းသွားလို၍ လက်ထပ်လိုက်ခြင်း။

အရင်းနီးဆုံး သူစိမ်းတစ်ယောက်ရှိနေခြင်းက ဘဝကို ပိုပြီး ပြည့်စုံ လုံခြုံစေမယ်လို့ ခံစားမိခြင်းကြောင့် လက်ထပ်လိုက်ကြတာမျိုး တွေပါ။ ဥပမာ – ကိုယ်နေမကောင်းရင်တောင် အိမ်ထောင်တာဝန်တွေအတွက် အားကိုးစရာ လူတစ်ယောက်ရှိနေချင်တာမျိုးပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ မထင်မှတ်ဘဲ ကိုယ်ဝန်ရလာ၍ လက်ထပ်လိုက်ခြင်း။

ဒီလို မမျှော်လင့်ဘဲ ရရှိလာတဲ့ ကလေးတွေရဲ့အနာဂတ်အတွက် စဉ်းစားပြီး လက်ထပ်လိုက်ကြတာမျိုးတွေလည်း ရှိပါတယ်။ အခြေအနေတစ်ခုကြောင့် လက်ထပ်လိုက်ကြရပေမယ့် သူနဲ့ကိုယ်ကြား ညှိနှိုင်းလို့မရတဲ့ ကိစ္စတွေ အများကြီး ရှိလာနိုင်ပါတယ်။

၉။ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် လက်ထပ်လိုက်ခြင်း။

ပတ်ဝန်းကျင်က လက်မထပ်ရသေးတဲ့သူတွေဆို ” သူများတွေတော့ လက်ထပ်ကုန်ပြီ။ နင်တစ်ယောက်ထဲ ကျန်တော့တာ ” စတဲ့ စကားသံတွေကြောင့်လည်း လက်ထပ်ဖို့ အလျှင်အမြန် ဆုံးဖြတ်လိုက်တာမျိုးတွေဟာ အိမ်ထောင်ရေးမှာ သိပ်ကို အန္တရာယ်များလွန်းလှပါတယ်။

၁၀။ အသက်အရွယ် ရလာလို့ လက်ထပ်လိုက်ခြင်း။

အသက်အရွယ် ရလာတဲ့အခါ အိမ်ထောင်ပြုဖို့ အချိန်လင့်သွားမှာ စိုးတာကြောင့် ဘာမှ သေချာမစဉ်းစားဘဲ လက်ထပ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုမစဉ်းစား မချင့်ချိန်ဘဲ ဘဝအတွက် အရေးအကြီးဆုံးဖြစ်တဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေ၊ ပဋိပက္ခတွေဆီ ဦးတည်သွားပါတော့တယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။