နောက်မကျသွားခင် ကိုယ်ချစ်ခင်မြတ်နိုးသူများကို တန်ဖိုးထားဆက်ဆံသင့်ကြောင်း

blank

သိပ်ချစ်ကြတဲ့ စန္ဒီတို့ ချစ်သူနှစ်ယောက် အိမ်ထောင်ကျပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက် အသေးအဖွဲကိစ္စလေးတွေတောင် သည်းမခံနိုင်တော့ပဲ ပြဿနာတွေ ဖြစ်တတ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပေမယ့်လည်း အမှားတွေကို ပြင်ဆင်ဖို့ မကြိုးစားကြပါဘူး။ စန္ဒီတို့ ကိုယ်တိုင်လည်း ဒီလိုဖြစ်နေရတာတွေကို မနှစ်သက်ပါဘူး။ ဒီလိုနဲ့ စန္ဒီတို့ အိမ်ထောင်ရေးဟာ တဖြည်းဖြည်နဲ့ ခြောက်ကပ် လာခဲ့ပါတယ်။

စန္ဒီတို့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်တဲ့ရက်မှာ ဒီနေ့လေးကိုတော့ ကိုအောင် သတိရမှာပါ ဆို စန္ဒီ ထိုင်စောင့် နေလိုက်တယ်။ ခဏနေ အိမ်တံခါး ခေါက်သံကြားတာနဲ့ သွားအဖွင့် ကိုမျိုးအောင်ကို မိုးရေတွေ ရွှဲလျက် ပန်းစည်းလေးကိုင်လျက်သား တွေ့လိုက်ရတယ်။ သူ့ကိုမြင်လိုက်ရတဲ့ အခါ ကျွန်မဘယ်လောက်တောင် ကြည်နူးဝမ်းသာသွားလဲ မသိနိုင် လောက်အောင်ပါပဲ။ ဒါနဲ့ ကျွန်မတို့နှစ်ယောက် အရင်ကနာကျင်ခဲ့၊ အဆင်မပြေဖြစ်ခဲ့တာတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ အစားထိုးကုသရင်း မီးရောင်မှိန်ဖျဖျလေး အောက်မှာ သီချင်းငြိမ့်ငြိမ့်လေးဖွင့်လို့ပေါ့။ ဒီအခိုက်အတန့်လေးဟာ ကျွန်မတို့ ဇနီးမောင်နှံ အတွက် သိပ်ကို ပြီးပြည့်စုံ လွန်းနေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အချိန်နဲနဲ ကြာတဲ့အခါ ဖုန်းမြည်လာလို့ ကျွန်မသွားအကိုင်

တစ်ဖက်က ” ဒါ ကိုမျိုးအောင်ရဲ့ အိမ်ဖုန်း ဟုတ်ပါသလားခဗျာ။ ကျွန်တော်တို့

သူ့ပိုက်ဆံအိတ်ထဲက ဒီဖုန်းနံပတ်ရလို့ ဆက်လိုက်တာပါ။ ဒီနေ့လည် (၂)နာရီ က မတော်တဆမှုတစ်ခုနဲ့ ဒီပိုက်ဆံအိတ်ပိုင်ရှင် ဆုံးပါးသွားခဲ့ပါတယ်။ ဟုတ်မဟုတ် အသိအမှတ်ပြုပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတာပါ” ဆို ပြောလာခဲ့တယ်။

ကြားကြားချင်း ကျွန်မဖြင့် ဘာပြန်ပြောရမှန်း မသိအောင် မှင်တတ်မိသွားခဲ့တယ်။ တစ်ခုခုတော့ လွဲနေပြီထင်တယ် ကိုမျိုးအောင်ကျွန်မနားမှာ ခုနကဘဲ ရှိနေတာ။

ဒါနဲ့ ခုနကျွန်မတို့အတူရှိနေတဲ့ အခန်းထဲ သွားပြေးကြည့်တော့ သူမရှိတော့ဘူး။ ကျွန်မအရမ်း သွေးပျက်သွားခဲ့ပါတယ်။ ဒါဆို ခုန အဖြစ်အပျက်တွေက သူငါ့ကို လာနှုတ်ဆက်လိုက်တာများလား လို့ တွေးမိလိုက်တယ်။

အဲဒီနောက် ကျွန်မသိစိတ်တွေ ကင်းလွတ်ပြီး ဆောက်တည်ရာမရ ဖြစ်သွားခဲ့ပါတယ်။

နှုတ်ကလည်း “ကိုအောင်ကို ကျွန်မနားမှာ ရှိနေခွင့်ပေးပါ။ ကျွန်မဘာကိုပဲ ပေးဆပ်ရပါစေ ကိုအောင်ကို ကျွန်မနဲ့ အတူ အသက်ရှင်ခွင့် ပေးပါ။ အဆင်မပြေမှုတွေကို ပြေလည်အောင်ညှိပြီး တစ်ယောက်ကို တစ်ယောက်တန်ဖိုးထားပြီး နေပါ့မယ်။” ဆိုပြီး တဖွဖွနဲ့ ရေရွတ်နေမိတော့တာ။ နောင်တတွေနဲ့ ယူကြုံးမရဖြစ်ပြီး ကျမ်းပြင်ပေါ်မှာ အလူးအလိမ့်ခံစားလိုက်ရတယ်။ ခဏနေတော့ ရေချိုးခန်းတံခါး ဖွင့်သံကြားပြီး ကိုအောင် ရေချိုးခန်းထဲက ထွက်လာတာတွေ့လိုက်ရတယ်။ သူက တစ်ဆက်ထဲ “စန္ဒီကို ပြောဖို့မေ့နေတာ ကိုယ် ဒီနေ့ ပိုက်ဆံအိတ် အခိုးခံလိုက်ရတယ် ”

‘အမလေး။ တော်ပါသေးရဲ့ ကိုအောင်ရယ်” ခုမှ ကျွန်မ သက်ပြင်းချနိုင်တော့တာပါ။

ဒီအဖြစ်အပျက်ဟာ ကျွန်မအတွက် သင်ခန်းစာ အကြီးကြီးပါပဲ။ ကျွန်မတို့ အမှားတွေ ပြင်ဆင်ဖို့ နောင်တစ်ချိန်ဆိုတာ လုံးဝမသေချာပါဘူး။ ဒီတော့ လက်ရှိအချိန်လေးမှာ ကိုယ်တိုင်အတွက်ရော ကိုယ်ချစ်မြတ်နိုးရသူတွေ အတွက်ပါ နောင်တ မရစေမယ့် လုပ်ရပ်မျိုးတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက် ခဲ့ပါပြီ။ သက်ရှိထင်ရှား ရှိနေတုန်း တစ်ယောက်ကို တစ်ယောက် တန်ဖိုးထား ဆက်ဆံသွားရမယ် ဆိုတာ ကောင်းကောင်းနားလည် သဘောပေါက်သွားပါတော့တယ်။

ဒီ ပုံပြင်လေးဖတ်ပြီး ဂန္ထဝင်ရဲ့ ပရိသတ်ကြီးလည်း နောင်တတွေနဲ့ကင်းဝေးဖို့ ခုကတည်းက အကောင်းဆုံး ရပ်တည် ရှင်သန်ကြဖို့ သတိပေးရင်း ဂန္ထဝင်မှ တင်ဆက်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။