မိသားစု ရှိသူတိုင်း အလေးအနက်ထား ဖတ်သင့်တဲ့ အဖြစ်အပျက်လေးတစ်ခု

blank

နှစ်ယောက်ပေါင်းမှ တစ်ဘဝ ရပ်တည်နေကြတဲ့ သားအဖနှစ်ယောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ သားလေးဖြစ်သူဟာ နေ့တိုင်း ဖခင်ဖြစ်သူပြန်အလာ ကို တံခါးဝမှာ အမြဲ ထိုင်စောင့် နေတတ်တယ်။ တစ်နေ့မှာတော့ ဖခင်ဖြစ်သူပြန်လာလာချင်း ” ဖေဖေ သားတစ်ခုလောက် မေးလို့ရမလား ” ဆို မေးလိုက်တယ်။ ဒါနဲ့ ဖခင်ဖြစ်သူက မေးပေါ့။

သားငယ်က “ဖေဖေ တစ်နာရီ လုပ်အားခ ဘယ်လောက်ရလဲဟင်”

မော မော နဲ့ပြန်လာတဲ့ ဖခင်ဖြစ်သူလည်း ဒေါသထွက်သွားတာနဲ့ “မင်းက ကိုယ်နဲ့မဆိုင်ဘဲ ဘာလုပ်မလို့လဲ”လို့ ပြန်ပြောလိုက်တယ်။

သားငယ်လေးကလည်း ” လုပ်ပါ ဖေဖေရယ် သား သိချင်လို့ပါ။” ဆို တောင်းပန်ရှာတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ ဖခင်ဖြစ်သူက မနေသာတာနဲ့ ” တစ်နာရီ ကျပ် ၁၆ဝဝ ရတယ် “လို့ ဖြေလိုက်တဲ့အခါ

ကလေးငယ်က ” ဒါဆို သားကို ငွေ (၈ဝဝ) လောက် ပေးပါလား ” လို့ တောင်းလိုက်တယ်။

ဖခင်ဖြစ်သူက ” မင်းဒီပိုက်ဆံနဲ့ ဘာမှ အလုပ်မဖြစ်တဲ့ အရုပ်တွေ ဝယ်ဦးမယ်မလား၊ သွား အခန်းထဲသွားတော့” ဆို အော်ငေါက်ပြီး ဆူလွှတ်လိုက်တာပေါ့။

ခဏနေမှ သူတွေးမိတာက သူ့သားဘယ်တုန်းကမှ ပိုက်ဆံကိုမလိုဘဲ မတောင်းတတ်ပါဘူး။ သူဘာလုပ်ချင်လို့ပါလိမ့်ဆို ကလေးငယ်ရဲ့ အခန်းထဲသွားပြီး။

” ဖေဖေ ဆူလိုက်တာလွန်သွားတယ် သား ရော့ (၈ဝဝ)။ သားလိုချင်တာဝယ်။” ဆိုတော့ သားငယ်လေးက သူ့ ခေါင်းအုံးအောက်မှာ စုထားတဲ့ ငွေလေးတွေနဲ့ ပေါင်းပြီး ရေတွက်လိုက်တယ်။

ပြီးတော့ ဝမ်းသားအားရနဲ့ ” ဟေး… ပြည့်ပြီကွ။ ရော့ (၁၆ဝဝ)။ ဖေဖေ့အချိန် တစ်နာရီကို သားဝယ်ချင်လို့ပါ။ ဖေဖေမနက်ဖြန် စောစောပြန်လာပါနော်။ သားဖေဖေနဲ့ ညစာအတူစားချင်လို့ပါ။ “ဆိုပြီး တောင်းဆို လိုက်တဲ့အခါမှာတော့

ဖခင်ဖြစ်သူဟာ အလွန်ကို စိတ်မကောင်း ဖြစ်သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်ုပ်တို့တွေဟာ နေ့စဉ်ဘဝမှာ အလုပ်တွေ မနားမနေ ကြိုးစားရင်းနဲ့ ကိုယ့်အတွက် တကယ်အရေးပါတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေဖို့ အချိန်တွေ မရှိကြတော့ပါဘူး။ အမှန်တော့ ရုပ်ပိုင်းဆိုင်ရာတွေ ဟာ စိတ်ချမ်းသာမှုအတွက် အထောက်အပံ့ တစ်ခုမျှသာ ဖြစ်တာကြောင့် ဒီစည်းစိမ်ဥစ္စာတွေအတွက် အစားထိုးမရနိုင်တဲ့ အရာတွေကို လျစ်လျူရှုနေတာမျိုး မဖြစ်ရအောင် ဂန္ထဝင်မှ မေတ္တာရှေ့ထား တင်ဆက်လိုက်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။