သင်ရော ချစ်ခြင်း (၁၅) မျိုးထဲက ဘယ်လိုချစ်သူမျိုးလဲ။

blank
photo credit: pixabay.com

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မိမိချစ်သူကိုချစ်တဲ့ ပုံစံချင်းမတူကြပါဘူး။ သင်ကိုယ်တိုင်ကရော ဘယ်လို ချစ်သူအမျိုးအစားထဲမှာ ပါလဲ ။ သင့်ချစ်သူကရော ဘယ်လိုချစ်သူမျိုးလဲ ဆိုတာ သိရအောင် အောက်ဖြော်ပပါ ချစ်သူအမျိုးအစားပေါင်း (၁၈)ကို လေ့လာကြည့်လိုက်ပါ။

၁။ ကိုယ့်အလိုဆန္ဒထက် တစ်ဖက်သားကို တန်ဖိုးထားပြီး ပေးဆပ်ချစ် ရောင့်ရဲတတ်တဲ့ ချစ်သူ။

၂။ ချစ်သူနဲ့ ဆက်ဆံရေးမှာ ကိုယ့်ဆန္ဒ၊ ကိုယ့်အလိုကျအတိုင်း အမြဲ ဖြစ်ချင်နေတဲ့ ချစ်သူ။

၃။ ချစ်သူကို လိုတာထက် ပိုပြီး ဂရုစိုက်လွန်းတတ်သူ။ (သူတို့ ချစ်လွန်းလို့ ချုပ်ချယ်ကန့်သတ်တာတွေက တစ်ဖက်လူကို သိပ်ကိုမွန်းကြပ် စေပါတယ်။)

၎။ ချစ်သူအတွက် တစ်ခုခု လုပ်ပေးရမှာကိုတောင် အမြဲတွန့်ဆုတ်နေတတ်တဲ့ သိပ်ကိုအတ္တကြီးလွန်းတဲ့ ချစ်သူ။

၅။ ချစ်သူကို ယုံကြည်မှုမရှိဘဲ အမြဲသံသယတွေနဲ့ ကြည့်နေတတ်သူ။

၆။ တွေ့တဲ့အချိန်မှာ အပေါ်ယံ သဲသဲလှုပ် ဂရုစိုက်ပြ၊ ချစ်ပြတတ်သူ။ (တကယ့် အစစ်အမှန် သင်လိုအပ်နေတဲ့ အရာတွေကိုတော့ ဖြည့်ဆည်းပေးဖို့ ဘယ်တော့မှ သတိမရတတ်သူ။)

၇။ ချစ်သူနဲ့ပတ်သက်ပြီး ခံစားမှုအသစ်တွေကို အမြဲ ရှာဖွေနေတတ်သူ။ (စိတ်ကူးယဉ်ဆန်စရာတွေ ဖန်တီးတာမျိုး၊ ပြဿ     နာတွေ ရှာနေတာမျိုး လုပ်နေရမှ နေပျော်တတ်သူ။)

၈။ ရနိုင်တာထက် အမြဲပိုလိုချင်နေပြီး Relationship တစ်ခုကို ခဏလေးနဲ့ စိတ်ကုန်လွယ်တတ်သူ။ (သူတို့ဟာ Relationship တစ်ခုကို ချစ်စခင်စ အချိန်ကိုပဲ နှစ်သက်တတ်ပြီး ချစ်သူသက်တမ်းကြာလာတာနဲ့ အမျှ ငြီးငွေ့ စိတ်ပျက်သွားတတ်တယ်။)

၉။ ချစ်သူရဲ့ အားနည်းချက်တွေကို အမြဲခွင့်လွှတ် နားလည်ပေးတတ်သူ။ (သူတို့ချစ်ခြင်းကို အနှောင့်အယှက် ဖြစ်စေမယ်ဆို အရာ အားလုံးကို လျစ်လျူရှုတတ်ကြတယ်။)

၁ဝ။ ဆက်ဆံရေးပြေလည်ဖို့အတွက် ချစ်သူအလိုကျ အမြဲ အလျှော့ပေးတတ်သူ။

၁၁။ ချစ်သူရဲ့ အပေါ်ယံ အရည်အချင်းနဲ့ ပိုင်ဆိုင်မှုတွေကို ချစ်သူထက် ပိုမိုမက်မောတတ်တဲ့ချစ်သူ။

၁၂။ ဘယ်လိုအခြေအနေမျိုးပဲ ရင်ဆိုင်ရပါစေ ချစ်သူအတွက် အမြဲသစ္စာရှိတဲ့ ချစ်သူ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၃။ ချစ်သူနဲ့ ရင်းရင်းနီးနီး ပတ်သက်နေရတာကို နှစ်သက်နေတတ်သူမျိုး( အထိအတွေ့ တွေကို သာယာချင်တဲ့ချစ်သူမျိုး)

၁၄။ ချစ်သူရှိနေပေမဲ့ တစ်ယောက်ထဲ အတွေးထဲမှာ နေရတာ၊ ကိုယ်ပိုင်ကမ္ဘာထဲမှာ နေရတာကိုနှစ်သက်တတ်တဲ့ ချစ်သူ။

၁၅။ ချစ်သူအတွက် အမြဲတမ်း အတွေ့အကြုံအသစ် ခံစားမအသစ်တွေကို မငြီးမငြူ ဖန်တီးနေတတ်သူ။

ကဲ ဒီ ချစ်သူအမျိုးအစားတွေကို လေ့လာကြည့်ပြီး သင်ကိုယ်တိုင်ကရော သင့်ချစ်သူကပါ ဘယ်လိုချစ်သူမျိုးလဲ ဆိုတာ ခန့်မှန်းမိမယ် ထင်ပါတယ်။ တကယ်လို့နှစ်သက်စရာ မကောင်းတဲ့ ချစ်သူမျိုးဖြစ်ခဲ့ရင်တောင် ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေး လိုက်ပါ။ သင်တို့ ဆက်ဆံရေးလေး ပိုမိုနွေးထွေးလာဖို့ အထောက်အကူဖြစ်စေမှာပါ။