ကြေကွဲခြင်း လက်ဆောင် အလိုမရှိ

blank
Photo Credit: http://www.mrwallpaper.com

စာဖတ်ပရိသတ်တို့… ဘဝသက်တမ်းတစ်လျှောက်မှာ ကိုယ့်ကို ဘယ်သူနဲ့မှမတူအောင် ချစ်မြတ်နိုးတဲ့ မိန်းကလေးမျိုးနဲ့ ကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မယ်။ “ရှင့်ဆီက ဘာကိုမှ မမျှော်လင့်ပါဘူး” ဆိုတဲ့ စကားမျိုးကို သူမ ပြောတာမျိုးလည်း ကြားဖူးကြပါလိမ့်မယ်။

ဒီလို ကိုယ့်အတ္တတွေကို ခြေဖဝါးအောက်မှာထားပြီး မျှော်လင့်ချက်ကင်းမဲ့စွာ ပေးဆပ်တတ်တဲ့ ချစ်ခြင်းမျိုးနဲ့ ကြုံတွေ့လာပြီဆိုရင် သူမကို တကယ်စိတ်ထဲက မရည်ရွယ်ဘဲ မဖြည့်စည်းနိုင်တဲ့ ကတိသစ္စာတွေ၊ အပေါ်ယံ စိတ်ချမ်းသာမှုတွေ၊ ဟန်ဆောင်တဲ့ လိုက်လျောမှုတွေ မပေးပါနဲ့။

စစ်မှန်သော ချစ်ခြင်းတွေ သင်သက်ဆုံးတိုင် မပေးဆပ်နိုင်ဘူးဆိုရင် သူမ နာကျင်ရပါလိမ့်မယ်။ သူမရဲ့ “ဘာကိုမှ မမျှော်လင့်ဘူး” ဆိုတဲ့ စကားနောက်ကွယ်မှာ နာကျင်ဝမ်းနည်းမှုတွေ၊ ငိုကြွေးမှုတွေလည်းအကျုံးဝင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် ဒီလိုကိုယ့်ကို အချစ်စစ် အချစ်မှန်နဲ့ နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ မိန်းကလေးကို သင်ပြန်ပေးဆပ်ချင်တယ်ဆိုရင် သူ့ခံစားချက်တွေကို နားလည်ပြီး စစ်မှန်တဲ့ ချစ်ခြင်းတွေ ပေးလိုက်ပါ။ မေတ္တာတရားကို ရှေ့ထားပြီး တန်ဖိုးထားဆက်ဆံလိုက်ပါ။ သင်ချစ်တာထက် အဆပေါင်းများစွာ သာလွန်တဲ့ ချစ်ခြင်းမျိုးနဲ့ သင့်ကိုသူမ တုံ့ပြန်လိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

သဘောကျ နှစ်သက်ရင် Share ဖို့မမေ့နဲ့နော်။