ပြိုကွဲသွားတဲ့ Relationship တစ်ခုကနေ ရလိုက်တဲ့ မှတ်သားစရာလေးများ

blank
Photo Reference: http://www.picshunger.com

ပြိုကွဲသွားတဲ့ Relationships တွေ အနည်ထိုင်သွားဖို့ ကြိုးစားရတာ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ကိုယ်အမြတ်တနိုးနဲ့ ပြုစုခဲ့ရတဲ့ ဆက်ဆံရေးလေး ပျက်စီးသွားတာကြောင့် အရမ်းခံစားရမှာပါ။ သို့ပေမဲ့လည်း ခံယူတတ်မယ်ဆိုရင်တော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုပါ။

အောက်ဖက်မှာ ဖော်ပြထားတာကတော့ မိမိဆုံးရှုံးသွားတဲ့ Relationship တစ်ခုကနေ သင်ယူလို့ရတဲ့ သင်ခန်းစာတစ်ချို့ပဲ ဖြစ်ပါတယ်။

၁။ လူတစ်ယောက်ဟာ ပိုင်ဆိုင်ချင်တိုင်း ပိုင်ဆိုင်လို့ရတဲ့ အရာမဟုတ်ဘူး ဆိုတာနားလည်လာတယ်။

လူတွေဟာ သက်ရှိတွေဖြစ်တဲ့အတွက် အမြဲတမ်း ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကကိုယ့်ကို အရမ်းချစ်တယ်ဆိုပြီး အရာရာကို တရားသေတွက်ထားလို့ မရဘူးဆိုတာ သိရှိလာစေပါတယ်။ မိမိတို့ ဆက်ဆံရေးကို ဂရုတစိုက် ထိန်းသိမ်းဖို့မေ့လျှော့ခဲ့တဲ့ မိမိအားနည်းချက်တွေကိုလည်း သတိထားမိ လာစေပါတယ်။

၂။ ကိုယ့်အရေးပါမှုကို ပိုတန်ဖိုးထား တတ်လာတယ်။

ကိုယ့်အနားမှာ တစ်စုံတစ်ယောက် မရှိတော့တဲ့အခါ ကိုယ်တစ်ယောက်ထဲ ကြိုးစားရုန်းကန်ရင်း ကိုယ်အကောင်းဆုံး ရပ်တည်နိုင်ပါလား ဆိုတာကို သတိထား မိလာစေပါတယ်။

၃။ လူတွေကို ပြောင်းလဲချုပ်ကိုင်ချင်လို့ မရဘူးဆိုတာ ပိုသိလာရတယ်။

လူတွေဟာ သူ့အတ္တနဲ့သူ ရပ်တည်ရှင်သန်ကြတာမို့ သူတို့ဆန္ဒတွေကို ချုပ်ချယ်လွန်းအားကြီးရင် အခြေနေတွေ တင်းမာလာနိုင်တယ် ဆိုတာကို ပိုနားလည်လာတယ်။

၎။ တည်တည်ငြိမ်ငြိမ်လေး လမ်းခွဲ တတ်လာတယ်။

လမ်းခွဲခြင်းက ကိုယ်တကယ် ရင်ဆိုင်နေရတဲ့ အချိန်မှာတော့ ခက်ခဲကောင်းခက်ခဲ ပါလိမ့်မယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးတခုမှ ဖြစ်မလာဘူးဆို သွားခွင့်ပြုလိုက်တာ အကောင်းဆုံး ဆိုတာကို အားလုံးပြီးသွားတဲ့အချိန်မှာ နားလည်လာပါလိမ့်မယ်။

၅။ အကြောင်းအရာတစ်ခုထဲမှာ တစ်ချိန်လုံး ပိတ်မိနေရာက နိုးထလာပါတယ်။

ဆက်ဆံရေးတစ်ခု ပြိုလဲသွားပြီဆိုတာနဲ့ ကိုယ်ဘာမှားသွားလဲဆိုပြီး တစ်ချိန်လုံးထိုင် စဉ်းစားနေတတ်ကြတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ အတိတ်တွေ နှမြောတသနေခြင်းက ဘာမှ အကျိုးထူးမလာစေဘူး ဆိုတာကို အချိန်ကြာလာတာနဲ့အမျှ နားလည်သဘောပေါက် လာပါတယ်။

၆။ ဘဝမှာ ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ စဉ်းစားမိလာတယ်။

အကယ်၍ ကိုယ်က ဒီ Relationship အတွက် အချိန်တွေ အရမ်းပေးခဲ့ရတဲ့ သူတစ်ယောက်ဖြစ်နေခဲ့ရင် အခုအချိန်မှာ ပိုအရေးထားသင့်တာတွေကို အာရုံစိုက်လာနိုင်မှာ မလွဲပါဘူး။

၇။ ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲ ရှိနေတယ်ဆိုတာ သတိထားမိလာတယ်။

သူနဲ့အတူရှိနေတဲ့ အချိန်တွေတုန်းက ပျော်ရွှင်ခဲ့ပေမယ့် လူတွေဟာ ကိုယ့်ဘဝတစ်လျှောက်လုံး ကိုယ်နဲ့အတူ ရှိနေကြမှာ မဟုတ်တာကြောင့် ပျော်ရွှင်မှုအတွက် သူတစ်ပါးကို မမှီခိုသင့်ကြောင်း၊ ကိုယ်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ကိုယ့်မှာသာတာဝန်ရှိကြောင်း သတိထားမိလာပါတယ်။

၈။ ဆိုးရွားတဲ့ အခြေအနေတွေကို ပိုပြီး ရင်ဆိုင်နိုင်လာတယ်။

ဝမ်းနည်းပူဆွေးနေခြင်းက ပြသနာတစ်ခုကို အကောင်းဆုံး ဖြေရှင်းတဲ့နည်း မဟုတ်ဘူးဆိုတာကို ပိုနားလည်လာရတယ်။ ကိုယ်တိုင် အဆိုးဆုံးအခြေနေတွေကို ရင်ဆိုင်လာနိုင်တဲ့ အတွက် စိတ်ဓါတ်တွေလည်း ပိုခိုင်မာလာပါတယ်။

၉။ ချစ်ခြင်းခိုင်မြဲ ဖို့ အတွက် တစ်ဖက်ထဲကပဲ အနစ်နာခံနေရုံနဲ့ မရဘူးဆိုတာ သိလာရတယ်။

သာယာတဲ့ ဆက်ဆံရေးလေးတစ်ခု ဖြစ်လာဖို့ ကိုယ်တစ်ယောက်ထဲက ပဲ အမြဲ အလျှော့ပေးညှိနှိုင်းခြင်းက ဘဝတစ်လျှောက်လုံးအတွက် အဆင်မပြေနိုင်ဘူးဆိုတာ နားလည် သဘောပေါက်လာတယ်။ အချစ်တစ်ခုထဲနဲ့ မလုံလောက်တော့ပါလား၊ မိမိလက်တွဲဖော်ဟာ မိမိနဲ့ စိတ်တူကိုယ်တူ ဖြစ်ဖို့သိပ်ကို အရေးကြီးပါလားဆိုတာ သိလာရတယ်။

၁၀။ လမ်းခွဲတာ ဝမ်းနည်းစရာ မဟုတ်ဘူးဆိုတာ နားလည်လာတယ်။

ချစ်သူနဲ့ ပြတ်စဲပြီးစမှာတော့ ပူဆွေးလွမ်းဆွတ်မတွေကြောင့် ကံဆိုးလိုက်တာလို့ တွေးကောင်းတွေးမိမှာပါ။ သို့ပေမဲ့ ဒီလိုလူမျိုးနဲ့ လမ်းခွဲလိုက်ခြင်းက ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ကိုယ်နဲ့ အေးအတူပူအမျှ ဖြတ်သန်းဖို့ ပြင်ဆင်နေတဲ့ မိမိဖူးစာရှင်အစစ်အမှန်နဲ့ ဆုံတွေ့ခွင့်ရဖို့ ဘုရားသခင်က ကောင်းချီး ပေးလိုက်တယ်ဆိုတာ နားလည်လာတယ်။

၁၁။ အရာရာ တိုင်းဟာ ပုံသေတွက်ထားလို့ မရဘူးဆိုတာ နားလည်လာတယ်။

လူသားတွေဟာ သက်မဲ့ ပစ္စည်းတွေမဟုတ်တာကြောင့် ဘယ်လောက်ပဲ ချစ်နေကြတဲ့ ချစ်သူတွေပဲ ဖြစ်ပါစေ အချိန်ကြာလာတာနဲ့အမျှ သဘောထားတွေ ပြောင်းလဲ သွားနိုင်ပါတယ်။ နောက်တစ်ချက်က ချစ်ခြင်းမေတ္တာတွေ၊ သစ္စာရှိမှုတွေဟာ ဖန်တီးယူလို့မရတဲ့ အရာတွေဆိုတာ ကောင်းကောင်းနားလည် သဘောပေါက်လာပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောတူရင် Share ။