အထူး ရှောင်ကြဉ်ရမယ့် ချစ်သူနှစ်ဦးကြား တောင်းဆိုမှုများ

blank

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် မိမိချစ်သူအတွက် အရာရာပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ ပေးဆပ်ခြင်းဟာ အရာအားလုံးကို အဆင်ပြေချောမွေ့စေမှာ မှန်ပေမဲ့ မိမိစိတ်ခံစားမှု၊ တန်ဖိုးထားမှုတွေကို ချိုးနှိမ်ပြီး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ဆုံးရှုံးရလောက်တဲ့ အထိ ပေးဆပ်ဖို့တော့ မသင့်ပါဘူး။

အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ ယောက်ျားတစ်ယောက်အနေနဲ့ တောင်းဆိုဖို့မသင့်သလို မိန်းမတစ်ယောက်အနေနဲ့လည်း လိုက်လျောဖို့ မသင့်တော်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

၁။ ကိုယ့်ဘဝကို ပြုစုပျိုးထောင်ပေးလိုက်တဲ့ မိသားစုနဲ့ အဆက်အသွယ်ဖြတ်ဖို့ တောင်းဆိုခြင်း။

၂။ ကိုယ်ယုံကြည်နေတဲ့ ဘာသာတရားကို ပြောင်းလဲဖို့ ဖိအားပေးခြင်း။

၃။ အစစ အနစ်နာခံစေပြီး သူ့အလိုဆန္ဒအလိုက် လိုက်ပါဆောင်ရွက်စေခြင်း။

၎။ ကိုယ့်စိတ်ကူး အိမ်မက်တွေကို စွန့်လွှတ်ပစ်စေဖို့ ဒါမှမဟုတ် ပြောင်းလဲပစ်ဖို့ အထိ ကြိုးစားခြင်း။

၅။ အဆင်သင့် မဖြစ်သေးတဲ့ အချိန်မှာ ကလေးယူဖို့ တောင်းဆိုခြင်း။

၆။ ကိုယ့်ခံယူချက် တန်ဖိုးထားမှုတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားခြင်း။

၇။ အရင်က အရမ်းရင်းနီးခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ တားမြစ်ခြင်း။

၈။ ဖြစ်တည်ပြီးသား ရင်သွေးလေးကို ဖျက်စီးပစ်ဖို့ တောင်းဆိုခြင်း။

၉။ သင်တကယ်စိတ်ကုန်ပြီး ထွက်ခွာသွားချင်တဲ့ အချိန်မှာ သင့်ကို တားမြစ်ထားခြင်း။

၁၀။ အရာအားလုံး သူ့ကိုပဲ မှီခိုအားကိုးပြီး ရပ်တည်ရှင်သန် စေခြင်း။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။