ယောက်ျားတို့ နားမလည်နိုင်တဲ့ မိန်းမတို့ရဲ့ ခံစားမှု တစ်စိတ်တစ်ဒေသ

blank

၁။ မိန်းမနှင့် လေးနက်မှု

Relationship တစ်ခုမှာ မိန်းမနဲ့ ယောက်ျား တစ်ယောက်ကိုတယောက် ထပ်တူထပ်မျှချစ်ကြတယ် ဆိုရင်တောင် အကြောင်းတစ်ခုခုကြောင့် အဆင်မပြေလို့ လမ်းခွဲကြတဲ့အခါမျိုးမှာ ယောက်ျားတွေအတွက်ကတော ရှေ့ဆက်ရမဲ့ လမ်းကို သက်တောင့်သက်သာ ဆက်လျှောက်လှမ်း နိုင်ကြပါတယ်။ မိန်းမတွေဘက်ကိုကြည့်ရင် ရုပ်ပိုင်းဆိုင်ရာအားဖြင့်တော့ တိုးတက်မှုတွေ အထိုက်အလျောက်ရှိလာပေမယ့် သူတို့ဘဝတစ်လျှောက်လုံး အထီးကျန်စွာ ဖြတ်သန်းလေ့ရှိကြတယ်။ တစ်ဖက်ကကြည့်ရင်တော့ ဒါဟာ မိန်းမတစ်ယောက်ရဲ့ ညံ့ဖျင်းပျော့ညံ့မှုလို့ တွေးနိုင်ပေမယ့် တစ်ခြားဘက်ကစဉ်းစားရင်တော့ ဒါဟာ မိန်းမတစ်ယောက်ရဲ့ သစ္စာစောင့်သိမှု လေးနက်မှုလို့လည်း အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဒီအချက်ကိုသာ ကျွန်မတို့ လေးစားမြတ်နိုးရတဲ့ သူတွေကသဘောပေါက်နားလည်ပြီး တန်ဖိုးထားတတ်မယ်ဆို မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းကို ခံယူရတာ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲဆိုတာ နားလည်သွားကြမှာပါ။

၂။ မိန်းမနှင့် ပေးဆပ်မှု

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်တဲ့အခါ ဘဝတစ်ခုလုံး ပုံအပ်လိုက်ကြပြီး အရာရာ ပေးဆပ်ဖို့ အဆင်သင့်ရှိတတ်ကြပါတယ်။ မိန်းမတစ်ယောက်က ပေးဆပ် လိုက်လျောလွန်းတဲ့အခါ ယောက်ျားတွေဘက်က တန်ဖိုးမထားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ မိန်းမတွေရဲ့ဘဝမှာ ယောက်ျားတစ်ယောကဆီကနေ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ “မိမိချစ်သူက မိမိကို လိုအပ်နေခြင်း” ပါပဲ။ ဒါကြောင့် ဒီလို ပေးဆပ်လိုက်လျောနေခြင်းဟာ မိန်းမတွေရဲ့ အညံ့ခံစိတ် ဆိုတာထက် သူတို့ရဲ့ မြင့်မြတ်လှတဲ့ ပေးဆပ်လိုစိတ်ပဲ ဖြစ်ပါတယ်။

၃။ မိန်းမနှင့် ချုပ်ချယ် ကန့်သတ် လိုစိတ်

ပတ်ဝန်းကျင်က သတ်မှတ်တဲ့ ဘောင်တွေကြားကထိန်းချုပ်မှု၊ မိဘတွေရဲ့ ချုပ်ချယ်မှုများအောက်မှာ ကြီးပြင်းလာခဲ့တဲ့ မိန်းမတွေရဲ့စိတ်မှာ အားငယ်မှု အလိုမကျမှုတွေ လွှမ်းမိုးနေတတ်တာ သဘာဝပါ။ ဒါကြောင့် သူတို့ကို ချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လာတဲ့အခါ အဲဒီယောက်ျားအပေါ် အနိုင်ယူလိုမှု ၊ ချုပ်ချယ်လိုမှုတွေကို ပြုလုပ်ချင်ကြပါတယ်။ ဒါကိုသာ နားလည်နိုင်မယ်ဆိုရင် ဒီလိုချုပ်ခြယ်ကန့်သတ်မှုတွေအတွက် တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက်မဖြစ် ကြတော့ဘူးပေါ့။

၎။ မိန်းမနှင့် စိတ်ခံစားမှုဆိုင်ရာ မြိုသိပ်မှု

နောက်တစ်ချက်ကတော့ မိန်းမတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ မြိုသိပ်နိုင်စွမ်းပါပဲ။ သူတို့ခံစားမှုတွေအတွက်နဲ့ တစ်ဖက်သားအပေါ် အနှောင့်အယှက်မဖြစ်စေလိုတဲ့ ဆန္ဒကြောင့် သူတို့ရဲ့စိတ်ခံစားမှုတွေကို အမြဲ ထိန်းချုပ်တတ်ကြတယ်။ စိတ်ထဲမှာ မကျေနပ်ရင်တောင် ဘယ်တော့မှ မပေါက်ကွဲတတ်ကြပါဘူး။ လက်တွေ့ကျကျ စဉ်းစားတတ်တဲ့ ယောက်ျားတွေအနေနဲ့ ဒါကို နားမလည်တာလည်း သဘာဝကျပါတယ်။ သို့ပေမဲ့ ခံစားချက်နဲ့လုပ်ဆောင်မှု တစ်ထပ်တည်းမကျတဲ့ အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အစိုင်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မိန်းမတစ်ယောက်ကို နားလည်ချင်တယ်ဆို သူတို့လုပ်ရပ်တွေကို စောင့်ကြည့်အကဲခတ်ခြင်းထက် သူတို့ခံစားမှုအစဉ်တွေ ကို အကဲခတ်နိုင်ဖို့လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။