ကိုယ့်ကို မချဉ်းကပ်အောင် လုပ်မိနေသော အရိပ်လက္ခဏာလေးများ

blank

အရာရာပြည့်စုံတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် ယောက်ျားလေးတွေက စိတ်ဝင်စားမှုနည်းနေတာလေးတွေ ကြုံတွေ့ဖူးကြမှာပါ။ အဲ့တော့ သူတို့မချဉ်းကပ်နိုင်အောင် ကိုယ်ဘာတွေလုပ်မိနေလဲ ဆိုတာကို မသိကြဘူးလေ။ သုသေတနစစ်တမ်းတစ်ခုအရ ယောက်ျားလေးတွေက သူတို့ရှောင်တတ်ကြတဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ဖော်ပြထားပါတယ်။ ဒီအချက်တွေထဲမှာ ကိုယ်ဘာတွေလုပ်မိနေတာပါလဲ ကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကိုယ်က မာနကြီးပုံပေါက်နေလို့လား။

အမြဲတမ်း ခပ်တည်တည်ကြီး နေတတ်လို့ ယောက်ျားလေးအများစုက မာနကြီးတယ်ဆိုပြီး ကိုယ့်ကိုမချင်းကပ်ရဲကြဘူးလေ။ ဒါကြောင့် ဒီလိုအကျင့်မျိုးကိုရှောင်ပြီး လူတိုင်းနှစ်သက်တဲ့ အပြုံးလေးနဲ့ ပေါ့ပေါ့ပါးပါးလေး နေကြည့်ကြလေ။

မျက်လုံးချင်းမဆုံတတ်လို့လား။

သူစိမ်းတစ်ယောက်ကို ချဉ်းကပ်ဖို့တောင် တော်တော်လေးခက်ခဲတယ်နော်။ ဒါဆိုကိုယ့်ကို တစ်ချက်လေးတောင် လှည့်မကြည့်တဲ့ လူတစ်ယောက်ကိုချဉ်းကပ်ဖို့ဆိုတာက ပိုပြီးမဖြစ်နိုင်ဘူးလေ။

ကိုယ့်ပုံစံက ရောချင်တဲ့ပုံများ ပေါ်နေလို့လား။

ကိုယ်က သူ့ကို မတူသလိုမတန်သလိုဆက်ဆံမိရင်လည်း ကိုယ့်ကို ရှောင်ဖယ်နိုင်သလို ဆန့်ကျင်ဘက်အနေနဲ့ လွန်လွန်ကဲကဲ ရေလာမြောင်းပေးလုပ်မိနေရင်လည်း ရှောင်ဖယ်သွားတတ်ကြတယ်။

ကိုယ့်ဘေးမှာ သူငယ်ချင်းဘော်ဒါတွေ အမြဲတမ်းဝိုင်းနေတတ်လို့လား။

တကယ်လို့ ကိုယ်ကအမြဲတမ်း သူငယ်ချင်းအုပ်စုကြားမှာဘဲ ရှိနေတယ်ဆိုရင် ယောက်ျားလေးတစ်ယောက်အနေနဲ့ ချဉ်းကပ်ဖို့မလွယ်ဘူး။ ဒါ့အပြင်လူကြားထဲမှာ အငြင်းခံရမှာကို စိုးရိမ်ကြတယ်လေ။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။