ကမ္ဘာခြားနေတဲ့ချစ်ခြင်း

blank

အရင်တုန်းကတော့ လူတွေဟာ သူတို့ရဲ့အချစ်ကို ကိုယ့်မြို့၊ကိုယ့်ပတ်ဝန်းကျင်မှာပဲ ရှာခဲ့ကြပါတယ်။ ဒါကြောင့် ဝေးကွာနေကြတယ်ဆိုတာမျိုး ချစ်သူနှစ်ဦးကြားမှာ မရှိခဲ့ကြဘူးလေ။ ဒီနေ့ခေတ်မှာတော့ များစွာပြောင်းလဲခဲ့ပါပြီ။ လူတွေက ကိုယ့်ရဲ့ ဖူးစာကို ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ ရှာဖွေတွေ့ရှိနိုင်ကြပြီလေ။ ဟိုးတုန်းကတော့ ရေခြားမြေခြားချစ်ခြင်းတွေကို တားမြစ်ခဲ့ကြပေမယ့် online ပေါ်ကနေချစ်သူဖြစ်ကြတယ်ဆိုတာ ယနေ့မှာတော့ခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီလို မိုင်တွေအများကြီးကွာဝေးနေကြတဲ့ ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းတွေက လက်တွေ့မှာဖြစ်လာနိုင်ပါ့မလား။ လွယ်တော့မလွယ်ကူပေမယ့် နှစ်ဦးစလုံးဆုံးဖြတ်ချက်ခိုင်မာရင်တော့ လက်တွဲနိုင်ပါတယ်။ ကမ္ဘာတွေခြားနေတဲ့ချစ်ခြင်းက တလောကလုံးမှာ အချိုမြိန်ဆုံးအချစ်တွေဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေကို လိုက်နာမယ်ဆိုရင်ပေါ့…….

၁။       ဖုန်းကနေတဆင့် စကားပြောနေရတာက ကြာလာရင်လည်း ပျင်းစရာကောင်းလာပါတယ်။ တီဗီအစီအစဉ်ကောင်းတစ်ခု၊ ဒါမှမဟုတ်ဇာတ်ကားကောင်းလေးတစ်ခုကို တူတူကြည့်ကြတာမျိုး စာအုပ်တစ်အုပ်ကို တူတူဖတ်ကြတာမျိုးလေးတွေ ပြုလုပ်ကြပါ။ ပြီးတော့ အချင်းချင်း အမြင်လေးတွေ ဖလှယ်ကြည့်ကြပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ယောက်အကြောင်းတစ်ယောက်စဉ်းစားပြီး တူတူရှိနေတဲ့ခံစားချက်မျိုးကို ဖြစ်ပေါ်စေပါတယ်။

၂။       ကိုယ့်အတွေ့အကြုံလေးတွေ ကိုလည်းပြောပြပါ။ ဥပမာ – အလုပ်ထဲမှာ ချီးကျူးဂုဏ်ပြုခံရတာမျိုး၊ အလုပ်ကိစ္စတွေ အဆင်မပြေတာမျိုး စသဖြင့်ပေါ့။ Skype လိုမျိုး messenger လေးတွေနဲ့ ဆက်သွယ်စကားပြောကြပါ။ ပန်းစည်းလေးတွေ၊ လက်ဆောင်လေးတွေ၊ လက်ဆောင်ကဒ်လေးတွေကို မကြာခဏပို့ပေးပါ။

၃။       တစ်ယောက်ကိုတစ်ယောက် နားလည်းမှုရှိကြပါ။ ယုံကြည်စိတ်ချမှုမရှိရင် ပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် ချစ်သူနှစ်ဦးအချင်းချင်း နားလည်ယုံကြည်ကြတာဟာ အလွန်အရေးကြီးပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။       တစ်ယောက်ကိုတစ်ယောက် ထောက်ခံအားပေးကြပါ။ ကိုယ်တိုင်မလုပ်နိုင်တဲ့ကိစ္စလေးတွေမှာ ကိုယ့်လက်တွဲဖော်ကိုအားပေးခြင်းက ဘယ်လောက်အထောက်အကူဖြစ်လဲဆိုတာ တွေ့ရမှာပါ။ လက်မှုပညာလေးတွေ၊ အနုပညာတွေ၊ ချက်ပြုတ်တာလေးတွေကို လေ့လာသင်ယူပြီး မတွေ့ခင်အချိန်လေးတွေကို မသိမသာကုန်ဆုံးအောင် အသုံးပြုပါ။

၆။       ကိုယ့်အနာဂတ်တွေကို တူတူတိုင်ပင်ပြောဆိုကြပါ။ နောက်ဆုံးမှာ အတူတူနေကြရမယ်လို့တွေးတောပြီး ဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ကြမယ်ဆိုတာတွေကို တိုင်ပင်ဆွေးနွေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နှစ်ယောက်လုံးရဲ့ဆက်ဆံရေးဟာ အတိုင်းအတာတစ်ခုထိတိုးတက်လာမှာဖြစ်ပါတယ်။

၇။       ငွေကြေးကိုချိန်ဆပြီး တစ်ယောက်နဲ့တစ်ယောက် မကြာခဏတွေ့ပေးကြပါ။ သံယောဇဉ်ဆိုတာ လူချင်းမတွေ့ရပဲနဲ့ မကြီးထွားလာနိုင်ပါဘူး။ အခွင့်အရေးကြုံလာတိုင်း တွေ့ဆုံကြပါ။ ချစ်ခြင်းသာတည်မြဲနေမယ်ဆိုရင် ဝေးကွာနေကြရင်လည်း ဆက်လက်လက်တွဲသွားနိုင်ပါတယ်။

အ​ထက်ပါ အကြောင်းအရာများကို ​သ​ဘောတူရင်​ SHARE ​ပေးပါဦး။  LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။