အမြဲပုံမှန် message ပို့ခြင်း(constant texting) ၏ကောင်းချက် ဆိုးချက်များ

blank

အခုခေတ် အချစ်ဇာတ်လမ်းတွေ များသောအားဖြင့် နည်းပညာတွေ(technology)ကနေ အစပျိုးကြပါတယ်။ အဲ့ဒီတော့ ချစ်သူစုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် တွေ့ချင်စိတ်၊တောင့်တစိတ် ပယ်ဖျက်ပေးနိုင်တာပေါ့။ အရင်တုန်းက တက္ကသိုလ်ကျောင်းအချစ်ဇာတ်လမ်းတွေကလည်း နှစ်လိုဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ခေတ်သစ်ချစ်သူစုံတွဲတွေက ခေတ်ရှေ့ပြေးပြီး ဆက်ဆံရေးပိုလွယ်ကူစေနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေတဲ့ ကောင်းကျိုးလေးတွေ အပိုခံစားရပါတယ်။ ဖုန်းကနေတဆင့် ပုံမှန်ဆက်သွယ်ဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးမြန်တယ်၊ နောက်ကြောင်းတွေလည်း လေ့လာနိုင်တယ်၊ သံသယတွေလည်း ရှင်းလင်းလို့ရတယ်၊ ဒါကြောင့် ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ချနိုင်တယ်လေ။

နည်းပညာမှာ သူ့ကောင်းကျိုးနဲ့သူရှိပေမယ့် ဆိုးကျိုးလေးတွေလည်း ရှိပါတယ်။ ဆက်ဆံရေးတစ်ခုမှာ စောစောစီးစီးကတည်းက ရင်းနှီးမှုရယူလွန်းရင်လည်း ရေရှည်မှာ ပျင်းစရာကောင်းလာပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲနဲ့ တစ်ချိန်လုံးဆက်သွယ်ချင်စိတ် ဖြစ်ပေါ်စေတယ်။ တစ်ချိန်လုံး ဆက်သွယ်နေတာက မျှော်လင့်ချက်တွေကို ဖန်တီးပေးတယ်။ သိချင်နေတဲ့စိတ်လေးတွေကို ဆက်ဆံရေးတစ်ခုမှာဆိုရင် ကြိတ်မိတ်ခံစားနေတဲ့ မခိုင်မြဲမှုလေးတွေ ဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မက်ဆေ့ခ်ျပို့ ခြင်းနှင့်စပ်လျဉ်း၍ ကောင်းသောအချက်များ

ယနေ့မှာ လူတော်တော်များများအတွက် မက်ဆေ့ခ်ျပို့ခြင်းက အရေးကြီးတဲ့ ဆက်သွယ်ရေးစနစ်တစ်ခုပါ။ ချစ်ခြင်းဆိုင်ရာ မက်ဆေ့ခ်ျတွေပို့တာက တခြားအသက်အရွယ်တွေထက် အသက် (၁၇)နှစ်မှ (၂၅)နှစ် အရွယ်တွေမှာ တော်တော်လေးခေတ်စားပါတယ်။ ယနေ့ခေတ်နဲ့ နောက်လာမယ့် မျိုးဆက်တွေရဲ့ ရည်းစားထားကြတဲ့ပုံစံအပြောင်းအလဲတွေမှာ ကျွန်မတို့ပါဝင်နေကြပါတယ်။ မက်ဆေ့ခ်ျပို့ပြီး ကြူတာတွေ၊ စုံစမ်းတာတွေ၊ မေးခွန်းမေးတာတွေ၊ အသင်းပြောတာတွေ၊ စီမံကိန်းဆွဲတာတွေအပြင် ကိုယ့်ချစ်သူနဲ့ ဆက်သွယ်ပြောဆိုတာက လူတိုင်းလက်ခံကြတဲ့ နည်းလမ်းတွေပါ။

–      မက်ဆေ့ခ်ျပို့တာက အတားအဆီးတချို့ကို ပယ်ဖျက်ပေးနိုင်ပါတယ်။ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ တခါတလေ ဖုန်းနဲ့တောင် ပြောရခက်တဲ့စကားလေးတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

–      မက်ဆေ့ခ်ျပို့တာက စကားပြောတတ်ဖို့ မလိုပါဘူး။ စာကြောင်းတွေကို ထိထိမိမိသေချာ စဉ်းစားရေးလိုက်ရုံပါပဲ။

–      မက်ဆေ့ခ်ျတွေမှာ စကားနဲ့ဖော်ပြလို့မရတဲ့ အမူအရာလေးတွေ မပါဘူးလေ။ ဒါတွေက ပို့တဲ့သူကို သူတို့မမြင်စေချင်တဲ့ပုံစံ (ဥပမာ – လက်တုန်နေတာမျိုး၊ အသံတုန်နေတာမျိုး) တွေမပါပဲ ပြောချင်တာကို ထိထိမိမိ ပို့နိုင်ပါတယ်။

–      မက်ဆေ့ခ်ျပို့တာက လွယ်ကူပါတယ်။ မျက်နှာချင်းဆိုင်စကားပြောတာက ရှုပ်ထွေးပါတယ်။

မက်ဆေ့ခ်ျပို့ခြင်းက စိတ်လှုပ်ရှားတာတွေ လူရှေ့မှာကိုးရိုးကားရားဖြစ်တာမျိုးတွေကို ဖြေရှင်းပေးနိုင်ရုံသာမက မသေချာမရေရာတာတွေကိုပါ ရှင်းလင်းစေပါတယ်။ မက်ဆေ့ခ်ျပို့တာက ကြားမှာစက်ပစ္စည်းတစ်ခုခံနေတာကြောင့် တစ်ယောက်ယောက်ကို ချဉ်းကပ်ဖို့ (သူငါ့ကို ကြိုက်ရဲ့လား။ စိတ်ဝင်စားရဲ့လား) လွယ်ကူစေပြီး ငြင်းခံရရင်လည်း ခံစားရသက်သာစေပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဝင်စားမဝင်စား အဖြေထုတ်ဖို့ကတော့ မက်ဆေ့ခ်ျပို့တာ အကောင်းဆုံးနည်းလမ်းပါပဲ။

မက်ဆေ့ခ်ျ ပို့ခြင်းနှင့်စပ်လျဉ်း၍ မကောင်းသောအချက်များ

ချစ်သူနှစ်ဦးဆက်ဆံရေးမှာ အစကတည်းက မက်ဆေ့ခ်ျ မကြာခဏပို့တတ်ခြင်းက လွယ်ကူတာမှန်ပေမယ့် ဆိုးကျိုးလေးတွေ ရှိလာပါတယ်။

–      မျက်နှာချင်းဆိုင် မတွေ့ရတော့ လူချင်းတွေ့စကားပြောတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ဝေးနေတဲ့ ခံစားချက်လေးတွေကြောင့် အခက်တွေ့စေပါတယ်။ ဒါဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ဆက်ဆံရေးတစ်ခု စစချင်းမှာ အခက်တွေ့စေမယ့် အကြောင်းပြောတဲ့အခါ၊ ကိုယ့်ချစ်သူကို နာကျင်အောင်ပြောတဲ့အခါ၊ တောင်းပန်တဲ့အခါတွေ အားလုံးမှာ မက်ဆေ့ခ်ျတွေပဲ အသုံးပြုတာကြောင့်ပါ။(Coyne et al., 2011)

–      အမြဲတမ်း မက်ဆေ့ခ်ျပို့နေတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လျှို့ဝှက်ချက်တွေ လျှော့နည်းသွားစေတယ်။

–      မက်ဆေ့ခ်ျအမြဲပို့တာ အချိန်ကုန်စေပါတယ်။

–      မက်ဆေ့ခ်ျပို့တာက ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ကအာရုံတွေကို လွင့်စေပါတယ်။ ဥပမာ – လူမှုရေးလှုပ်ရှားမှုတွေမှာပေါ့။ သူငယ်ချင်းတွေ၊ ရင်းနှီးတဲ့လူတွေနဲ့တွေ့တာ၊ လုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲတွေ အပြင် တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေ့ဆုံတယ်ဆိုရင်တောင် မက်ဆေ့ခ်ျပို့ခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရပါတယ်။(Hall & Baym, 2012)  ဒါတွေအပြင် ကားမောင်းနေရင်း၊ အလုပ်လုပ်နေရင်း၊ တခြားအရေးကြီးတာလုပ်ကိုင်နေရင်းမှာ မက်ဆေ့ခ်ျပို့တာက အန္တရာယ်များပါတယ်။

–      မက်ဆေ့ခ်ျပို့ခြင်းနဲ့ ဖုန်းဖြင့် ဆက်သွယ်ခြင်းများသည် တခါတရံ အခြေခံယဉ်ကျေးရိုသေတတ်ခြင်းများကို တဖြည်းဖြည်းယုတ်လျော့သွားစေပါတယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောနေရင်း ကိုယ့်ဖုန်းကိုဆွဲထုတ်ပြီး မက်ဆေ့ခ်ျပို့တာမျိုးတွေက မယဉ်ကျေးတဲ့ အမူအရာဖြစ်ပါတယ်။

–      အမြဲတမ်း မက်ဆေ့ခ်ျပို့နေခြင်းက နောက်ဆုံးမှာတော့ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နှင့် အလုပ်လုပ်နိုင်တဲ့ စံချိန်များကို ဖျက်ဆီးပါလိမ့်မယ်။

လူနှစ်ဦးကြား ဆက်ဆံရေးတစ်ခုဆိုတာ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေ ပေါင်းပြီး တည်ဆောက်ရတာပါ။ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမပေးခြင်း နဲ့ မှန်ကန်ရိုးသားခြင်းတွေက ဆက်ဆံရေးတစ်ခုကို ကြီးထွားစေပါတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် အချိန်မရွေး မက်ဆေ့ခ်ျပို့ခြင်းက ချစ်သူဘက်က ထောက်ခံမှု၊ သဘောတူညီမှုကို အရမ်းလိုလားနေတဲ့ ပုံပေါ်စေပါတယ်။ မက်ဆေ့ခ်ျပို့ခြင်းက relationship တစ်ခုစတင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ဝန်ခံတဲ့နေရာမှာ အိပ်မက်ဆန်ပြီး လှပတဲ့ အစတစ်ခုပျိုးပေးပေမယ့် relationship တစ်ခုကို ဝမ်းနည်းကြေကွဲစွာလည်း အဆုံးသတ်ပေးနိုင်ပါတယ်။ ဘယ်အချိန်ဘယ်လို မက်ဆေ့ခ်ျပို့ရမယ်ဆိုတဲ့ ရွေးချယ်မှုက သင့်ရဲ့လက်ထဲမှာပဲ။ တစနေကုန်မှာ ချစ်ခြင်းကိုဖော်ပြတဲ့မက်ဆေ့ခ်ျလေးတွေ ဖလှယ်တာက လုံးဝလိုအပ်တာပေါ့။ ဒါပေမယ့်လည်း မလိုအပ်တဲ့ သေးသေးမွှားမွှား စကားလေးတွေကိုလည်း နှစ်ယောက်တွေ့တဲ့အခါ ပြောဖို့ ချန်ထားကြတာပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။