ကိုယ်ပိုင်စည်းဘောင်ရှိတဲ့ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ ဘာကြောင့်အရေးကြီးတာလဲ။

blank

ကလေးတွေကိုစည်းမျဉ်းတွေနဲ့ကိုင်တွယ်ရခြင်းက ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကို ဆက်မလုပ်နိုင် တော့ဘူးလို့ ခံစားမိတဲ့အခါ ကလေးတွေကို အရွယ်ရောက်သူတွေအဖြစ် စဉ်းစားကြည့်လိုက်ပါ။ ကိုယ့်ကလေးတွေ ကို…

– “ No” ဆိုတဲ့စကားကို သက်တောင့်သက်သာနဲ့ ပြောနိုင်သူတွေဖြစ်စေချင်လား။

– တစ်ဖက်သားရဲ့ “ No” ကို လေးစားလက်ခံပေးနိုင်သူတွေ ဖြစ်စေချင်လား။

– အတောင်အလက်စုံလို့ အဝေးကို ပျံသန်းသွားတဲ့အခါ မိဘအနေနဲ့ စိတ်မပူရသူတွေဖြစ်စေချင်လား။

ဖြစ်စေချင်တယ်ဆိုရင်တော့ အခုအချိန်မှာ ပင်ပန်းနေရတာဟာ ထိုက်တန်တာအမှန်ပါပဲ။ အနာဂတ်ဆိုတာ ကြိုမြင်ရတာမဟုတ်တဲ့အတွက် ကလေးတွေဘဝမှာ ဘာတွေကြုံလာရမယ်။ သူတို့ဘယ်လိုတုံ့ပြန်ကြမယ် ဆိုတာ မိဘတွေအနေနဲ့ မသိနိုင်ပါဘူး။ လုပ်နိုင်တာတစ်ခုကတော့ ကိုယ်ပိုင်စည်းမျဉ်းတွေချမှတ်တတ်အောင်၊ အဲ့ဒီစည်း မျဉ်းတွေနဲ့ ရှင်သန်ရပ်တည်တတ်အောင် အခုအချိန်ကစပြီး သင်ပေးနိုင်တာပါပဲ။ လက်ရှိမှာ ခက်ခဲပေမယ့် နောင် တစ်ချိန်ကျရင် သူတို့ဘဝအတွက် သိပ်ကောင်းတဲ့အကျိုးကျေးဇူးတွေ ပြန်ရစေမှာသေချာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်ပေးတဲ့အခါ မိဘတွေကိုယ်တိုင်က သူတို့ရဲ့စံပြအဖြစ်နေပြခြင်းကနေ စတင်လို့ရပါတယ်။ ကိုယ့်ကို တစ် ယောက်ယောက်က “ No” လို့ပြောတဲ့အခါ ဘယ်လိုလက်ခံပေးရမယ်ဆိုတာနဲ့ ကိုယ်တိုင် “ No” လို့ပြောတတ်စေ ဖို့တွေကို အိမ်မှာလက်တွေ့သင်ကြားနိုင်အောင် ဖန်တီးပေးနိုင်ပါတယ်။

သင်ကော ကလေးတွေကို ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ကြီးပြင်းလာအောင် ဘယ်လိုသင်ပေးဖြစ်လဲ။