“မသာယာတဲ့ Relationship ဆိုတာ ဘယ်လိုမျိုးလဲ။”

blank

သင့်ရဲ့ Relationship မှာ “ သူစိတ်ဆိုးသွားတာလား။ အင်းလေ ငါကိုယ်က အချိုးမပြေတာကို၊ ငါပဲမှားတာနေမှာပါ”လို့ တွေးနေရလား။

လူတစ်ယောက်က ကိုယ်တစ်ခုခုလုပ်လိုက်လို့ စိတ်ဆိုးသွားတယ်ဆိုရင် ဒါကို အပျက်သဘောနဲ့ ကိုယ့်ကိုပြန်ပြီး တုံ့ပြန်နေတယ်၊ ကိုယ့်ကို ပြန်ပြီးခံစားရအောင် လုပ်နေတယ်ဆိုရင် ဒါက ကျန်းမာတဲ့ Relationship မဟုတ်ပါဘူး။

ဥပမာ-ကိုယ်ကအမှားသေးသေးလေးတစ်ခု ဖြစ်သွားတယ်ဆိုပါစို့။ သူကအဲ့ဒီအမှားကို နင်းပြီးကိုယ့်ကို အနိုင်ကျင့်လား။ အဲ့ဒါကို အပြုသဘောနဲ့ကိုယ့်ကိုထောက်ပြပေးပြီး ရှေ့ဆက်လား။ နောင်မှာ အဲ့ဒီအမှားကိုပဲ ထပ်တလဲလဲပြောနေပြီး စကားနာထိုးနေလား ဆိုတာ ကိုယ်နဲ့ မဆိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့အများစုဟာ “ငါ့ကြောင့်မို့ ဖြစ်သွားတာ၊ ငါ့ကို ချစ်လို့ သူဒီလောက်အော်နေတာပါ၊ ဒီလောက်ဆူနေတာပါ” ဆိုပြီး ခံယူကြပါတယ်။

လူတစ်ယောက်က ကိုယ့်ကိုဘယ်လောက်ပဲ ချစ်ပါတယ်လို့ ပြောနေပါစေ။ ကိုယ့်အပေါ်မှာ ထိန်းချုပ်တဲ့စိတ် အရမ်းများနေတယ်။ အပြစ်မြင်တဲ့စိတ်အရမ်းများနေတယ်။ ကိုယ်ဘာလုပ်လုပ်၊ ဘယ်သွားသွား ကိုယ့်ကို သဝန်တိုစိတ်တွေ အရမ်းများနေတယ်ဆိုရင် ဒီ Relationship က ကိုယ့်အတွက်က ကျန်းမာတဲ့ Relationship မဟုတ်နိုင်တော့ပါဘူး။
စစ်မှန်တဲ့ ချစ်ခြင်းဆိုတာက မနာလိုမှု၊ သဝန်တိုမှုတွေ၊ သံသယတွေနဲ့ စောင့်ကြည့်နေတာမျိုး၊ လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တဲ့ အခြေအနေအထိ ချိုးနှိမ်နေတာ၊ သူ့ကိုသာ အရာရာအားကိုးရာပါဆိုပြီး ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ကင်းမဲ့ပြီး သူ့ပြုသမျှ နုနေရတဲ့ အဖြစ်မျိုးရောက်အောင် လုပ်ဆောင်နေတာမျိုး မဟုတ်ပါဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါကြောင့်မို့ ဒီလို Relationship မျိုးနဲ့ ကြုံတွေ့နေရပြီဆိုရင်၊ ကိုယ်စိတ်ဆင်းရဲနေပေမယ့် ဆက်ပြီးတွဲနေတာမျိုးတွေ ရှိရင်“ပြောင်းလဲလာမှာပါ” “သူငါ့ကိုချစ်ရှာပါတယ်”စတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ချိုးနှိမ်နေရတယ်ဆိုရင် သုံးသပ်ကြည့်ပါ။ သူသာ တကယ်ပြောင်းလဲချင်ရင် သင်ဒီအချိန်ထိတောင် စိတ်ဆင်းရဲနေခဲ့ရမှာ မဟုတ်သလို သင်တစ်ယောက်တည်းကပဲ အလိုက်သင့်ဖြစ်အောင် လိုက်လျောနေရမှာ မဟုတ်ပါဘူး။ ဒီ Relationship မှာ လုံးဝအဆင်မပြေနေဘူး။ ကိုယ့်ဘဝအတွက် စိတ်ဆင်းရဲမှုတွေ အရမ်းများနေတယ်ဆိုရင် သေချာလေး စဉ်းစားကြည့်ပါ။ ရုန်းထွက်ဖို့တော့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ကျန်းမာတဲ့ Relationship ဆိုတာဘာလဲဆိုတာကို အမှန်တကယ်ရှာတွေ့ပြီးတဲ့နောက်မှာတော့ သင်ဟာစိတ်ချမ်းသာမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာကို ခံစားမိပါလိမ့်မယ်နော်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် Healthy Relationship မှာ ရှိနေလား။ Unhealthy Relationship မှာ ရှိနေလား ဆိုတာ သုံးသပ်ကြည့်လိုက်ပါဦးနော်။