အိမ်ထောင်ရှိယောက်ျားနဲ့ပတ်သက်နေတဲ့သူငယ်ချင်းကို ဘယ်လိုကယ်တင်ပေးရမလဲ။

blank

ဂန္ထဝင်ရေ…

ရင်ဖွင့်ချင်တာက ကျွန်မအကြောင်းမဟုတ်ပါဘူး။ ကျွန်မသူငယ်ချင်းတစ်ယောက်အကြောင်းပါ။ သူက အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်နဲ့ပတ်သက်နေပါတယ်။ အစပိုင်းကတော့ အိမ်ထောင်ရှိမှန်းသူမသိပါဘူး။ ဟိုလူက ညာပြီးလိုက်တာပါ။ အပြောလည်း အရမ်းကောင်းပါတယ်။ နောက်တော့မှ အိမ်ထောင်ရှိမှန်း ကျွန်မတို့သိကြပါတယ်။ သူငယ်ချင်းက ငိုယိုပြီး အဲ့ဒီလူကို ဖြတ်လိုက်ပါတယ်။ ကျွန်မတို့လည်း ကိုယ့်သူငယ်ချင်းကို အငယ်မဖြစ်စေချင်တာကြောင့် သူအဲ့ဒီလို ဖြတ်လိုက်တာကို စိတ်အေးသွားပါတယ်။ အခုကျတော့ သူတို့ပြန်တွဲနေကြတယ်လို့ သိရပါတယ်။ ကျွန်မတို့ ဝိုင်းတားတော့ သူငယ်ချင်းက “ သူ့မိန်းမနဲ့သူက တစ်အိမ်တည်းနေပြီး မပေါင်းတာကြာပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကလေးငယ်သေး တာကော ပိုင်ဆိုင်မှုခွဲဝေဖို့ခက်သေးလို့သာ မကွဲသေးတာ။ ငါ့ကို တစ်နှစ်လောက်စောင့်ပေးဖို့ ပြောတယ်” လို့ ပြော ပါတယ်။ အဲ့ဒီလူက သူနဲ့တွေ့မှ အချစ်ကိုသိတာလို့လည်း ပြောတယ်တဲ့။ ကျွန်မတို့သူငယ်ချင်းက ချောချောလှလှ လေးပါ။ မိကောင်းဖခင်သားသမီးပါ။ ကြိုက်တဲ့သူလည်း များပါတယ်။ ဖြစ်နိုင်ရင်တစ်ခုလပ်နဲ့တော့ မရစေချင်ပါ ဘူး။ အဲ့ဒါထက် လောလောဆယ် မကွာရှင်းရသေးတဲ့သူနဲ့မတွဲစေချင်ပါဘူး။ ကျွန်မတို့ဝိုင်းပြောလို့ အခု ကျွန်မတို့ကိုလည်း သူငယ်ချင်းက အဆက်အသွယ်ဖြတ်ထားပါတယ်။ သူ့အိမ်ကိုအသိပေးလိုက်ရင်လည်း ကျွန်မတို့ပြောလို့ဆိုပြီး ပိုမုန်းသွားမှာလည်း ကြောက်ပါတယ်။ ဘာလုပ်ရမှန်းမသိလို့ ဂန္ထဝင်ကို ရင်ဖွင့်တာပါ။

အကြံလေးတွေရှိရင် ပေးကြပါဦး။

စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “မိန်းမသားတို့ ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး message box ကနေ ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။