သင့်ကလေးတွေကို တကယ်ချစ်ရင် နာကျင်စေမယ့်အရာရာတိုင်းကနေ ကာကွယ်မပေးပါနဲ့။

blank

ဖေဖေ၊ မေမေတို့ရေ…

ကလေးတွေကိုတကယ်ချစ်ရင် သူတို့ကိုနာကျင်စေမယ့်အရာရာတိုင်းကနေ အမြဲကာကွယ်မပေးပါနဲ့။ သူတို့ကြုံတွေ့ရတဲ့အတားအဆီးတွေက သူတို့ဘဝကို ဖျက်စီးပစ်လိမ့်မယ်လို့ မှားယွင်းယုံကြည်နေခြင်းကနေ သာ သူတို့ကို ကာကွယ်ပေးပါ။

တကယ်တော့ နာကျင်မှုဆိုတာ ဘဝမှာ သတိရှိစေဖို့ သတိပေးချက်တစ်ခုဖြစ်ပါတယ်။ နာကျင်မှုဆိုတာ မရှိဘူးလို့ သူတို့ခံစားရအောင် သင်ပေးနေတာဟာ သူတို့ဘဝမှာ နာကျင်မှုတွေအများကြီးကြုံတွေ့ရအောင် ပြုလုပ်နေတာနဲ့ အတူတူပါပဲ။ သူတို့လေးတွေဟာ သင့်အရိပ်အောက်မှာပဲ တစ်သက်လုံးရှိနေကြမှာမဟုတ်တဲ့ အတွက် သူတို့ဘဝတလျှောက်လုံးကြုံတွေ့သွားရမယ့်စိန်ခေါ်မှုတိုင်းမှာ ရှေ့ကနေ မားမားမတ်မတ်အမြဲရပ် တည်ပေးသွားနိုင်မှာလည်း မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် သူတို့ကို နာကျင်ခွင့်ပေးပါ။ သင်ယူခွင့်ပေးပါ။ ရင့်ကျက်စွာရှင်သန်ခွင့်ပေးလိုက်ပါ။

မိဘအနေနဲ့ သင့်ကိုယ်သင် ရိုးသားမှုရှိရပါမယ်။ ကလေးတွေကို မထိခိုက်စေချင်တဲ့ သင့်ကိုယ်ပိုင် အ ကြောက်တရားကို ရင်ဆိုင်ရဲရပါမယ်။ ဒါမှသာ ကလေးတွေကို သူတို့ဘဝခရီးမှာ ရင်ဆိုင်ရမယ့်အတားအဆီး တွေအားလုံးကို ကျော်လွှားနိုင်မယ့် ရင့်ကျက်မှုတွေ၊ သတ္တိတွေ၊ အတွေ့အကြုံတွေကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

သင်ကော ကလေးတွေကို အကြောက်တရားနဲ့ပတ်သက်ပြီး ရင်ဆိုင်တတ်အောင် ဘယ်လိုသင်ကြားပေးလေ့ ရှိလဲ။