ဆိုရှယ်မီဒီယာကြောင့် အချစ်ရေးတွေ တကယ်ပဲ ပြိုကွဲစေနိုင်သလား။

blank

အခုခေတ်မှာ လူအများစုက လက်တွေ့ဘဝထက် အွန်လိုင်းပေါ်မှာ ပိုပြီးအချိန်ကုန်လာကြတယ်။ ဆိုရှယ်မီဒီယာဟာ ချစ်သူတွေကြားမှာ လမ်းခွဲစေနိုင်တဲ့ အကြောင်းတရားတစ်ခု ဖြစ်နိုင်တယ်လို့ပြောရင် သင်ယုံမလား။

လူအများစုရဲ့စိတ်တွေဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ ကပ်ထားသလို တွယ်ကပ်နေကြပြီ။ နည်းပညာဟာ ကမ္ဘာကြီးကို ရွာတစ်ရွာဖြစ်နေစေပြီဆိုရင် အဲ့ဒီကမ္ဘာမှာ တဝဲဝဲလည်ရင်း ဘေးနားကလူတွေကို ဂရုစိုက်ဖို့မေ့နေကြပြီ။

ဆိုရှယ်မီဒီယာဟာ ကမ္ဘာအနှံ့ကလူတွေကို အလွယ်တကူဆက်သွယ်နိုင်အောင် လုပ်ပေးနေပေမယ့် ကိုယ့်အနားကလူတွေနဲ့တော့ တဖြည်းဖြည်းဝေးနေစေခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စစ်မှန်တဲ့ချစ်ခြင်းဆိုတာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီး စကားပြောဆို ဆက်သွယ်ခြင်းပါ။ ကွန်ပြူတာတွေ၊ ဖုန်းတွေနေတဆင့် စကားပြောနေပေမယ့် အတူတူရှိနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့၊ အချိန်ပေးဖို့လည်း လိုအပ်တဲ့မဟုတ်လား။

ဆိုရှယ်မီဒီယာဟာ တစ်ယောက်နဲ့တစ်ယောက်နွေးထွေးမှုတွေ တည်ဆောက်ဖို့ အသုံးဝင်တဲ့အရာတစ်ခုပါ။ ဆိုရှယ်မီဒီယာအသုံးများခြင်းကြောင့် အချစ်ရေးတွေမှာ အတားအဆီးလေးတွေ မဖြစ်ပါစေနဲ့တော့နော်။

သင်ကော… ဆိုရှယ်မီဒီယာကြောင့် အချစ်ရေးမှာ အဟန့်အတားတွေဖြစ်လောက်အောင် ဆိုရှယ်မီဒီယာကို အသုံးပြုဖြစ်နေလား။