အချစ်လို့ထင်နေတဲ့ပျားရည်စက်ဟာ သင့်ကိုသတ်နေတဲ့ဓားသွားလား…

blank

နေ့ရက်တိုင်းငိုရ၊ ကြောက်နေရ၊ ထိန်းချုပ်ခံနေရ၊ ခြိမ်းခြောက်ခံနေရတယ်ဆိုရင် သင်ထင်နေတဲ့အချစ်ဆိုတဲ့အရာဟာ သင်ကိုယ်တိုင်ဖမ်းမိထားတဲ့ အဆိပ်ကွန်တစ်ခုပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ သင်မှတ်ထားရမှာက သင့်ချစ်သူလို့ သင်သတ်မှတ်ထားတဲ့သူ က ခြိမ်းခြောက်အပြစ်တင်နေသလို သင်ဟာ အပြစ်ရှိတဲ့သူတစ်ယောက် မဟုတ်ပါဘူး။

အကယ်၍ သင့်ချစ်သူက

သင့်ရဲ့ အပြုအမူတိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။

သင်ချစ်ရတဲ့ လူတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ဒါမှမဟုတ် သင့်ကို နာကျင်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။

သင်က သူ့ကိုအမြဲတမ်းကြောက်နေရတယ်ဆိုရင် သေချာပါပြီ သင်အချစ်လို့ထင်နေတဲ့ အိမ်ဟာ သင့်ကိုသတ်နေတဲ့ ဓားသွားချွန်ချွန်တစ်လက်ပါ။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီလူတိုင်ထားတဲ့ ဓားသွားဟာ သင့်ရဲ့ စိတ်ကိုသတ်တယ်၊ လူကိုထိခိုက်စေတယ်၊ ငွေကြေး၊ လူမှုရေးအရာရာကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။

ချစ်လို့ပါဆိုတဲ့ခေါင်းစဉ်တပ်ပြီး သင့်ကိုထိန်းချုပ်မယ်။

အလွန်အမင်းသဝန်တိုမယ်။

လူရှေ့သူရှေ့မရှောင် သင့်ကို ကိုယ်ထိလက်ရောက် စော်ကားမယ်။ သင့်ရဲ့ အရည်အချင်းတွေ၊ ပုံပန်းသဏ္ဍာန်တွေအားလုံးကို ရှုံ့ချမယ်။

အဲ့ဒီလိုဖြစ်နေတဲ့အခါမှာ

“သူငါ့ကို ချစ်ရှာပါတယ်၊ နောက်ကျရင်အဆင်ပြေသွားမှာပါ၊ သူဒေါသထွက်နေလို့ပါ၊ ငါကိုယ်က အချိုးမပြေလို့ပါလေ၊ ငါအသုံးမကျလို့ပါ၊ ငါသူ့ကိုထားခဲ့ရင် သူဘာတွေလုပ်မလဲ၊ ငါ့ကိုအန္တရာယ်ပြုမလား” စတဲ့အတွေးတွေနဲ့ ထိုင်မနေပါနဲ့။

           ချစ်ခင်အားကိုးရတဲ့သူတွေကို ရင်ဖွင့်ပါ။ အကြံဉာဏ်တောင်းပါ။ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်အကူအညီတောင်းပါ။အချစ်အိမ်ဆိုတာ ရယ်မောပျော်ရွှင်ဖို့၊ ဘဝကို လုံခြုံမှုပေးဖို့ပါ။ နေ့စဉ်ရက်ဆက်အဆိပ်တက်နေတဲ့ အချစ်ရေးဆိုရင်တော့ သင့်အတွက် အဆိပ်ကွန်တစ်ခုဆိုတာ မမေ့ပါနဲ့နော်။