ဂိမ်းစွဲနေတဲ့ချစ်သူကို ဘယ်လိုပြုပြင်ယူရမလဲ။

blank

ကျွန်မရည်းစားက အွန်လိုင်းဂိမ်းတွေ တအားဆော့ပါတယ်။ သူသည်းကြီးမည်းကြီးဆော့တဲ့အခါဆို တလောကလုံးကိုကော ကျွန်မကိုပါ မေ့နေတဲ့အထိပါပဲ။
အဲ့ဒီအချိန်မှာ သွားတားရင်လည်း အဆဲခံရပါတယ်။ ကျွန်မကိုတောင် မိုက်မိုက်ရိုင်းရိုင်းပြန်ဆဲပါတယ်။ တွဲလာတဲ့ သက်တမ်းတလျှောက် တခြားဟာတွေတော့ သူမလုပ်ပါဘူး။ ကျွန်မကိုလည်း ချစ်ပါတယ်။ ဂိမ်းမဆော့ တဲ့အခါဆို ကောင်းပါတယ်။ ဂိမ်းထဲအာရုံရောက်သွားရင် လုံးဝပြောင်းလဲသွားတယ်။ ရှာသမျှလည်း ဂိမ်းကစားရင်း ကုန်၊ ကျွန်မနဲ့လည်း ရန်ဖြစ်ရလို့ ကျွန်မက သူ့ကို ဂိမ်းဖြတ်စေချင်ပါတယ်။

သူက ယူပြီးရင်တော့ မကစားတော့ဘူးလို့ ပြောပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့ သူ့ပုံစံက ဂိမ်းကို လွယ်လွယ်နဲ့ဖြတ်မယ့်ပုံမပေါ်ပါဘူး။ ယူပြီးစိတ်ညစ်နေရမှာလည်း စိုးတော့ မယူခင် သူဂိမ်းပြတ်အောင် လုပ်ပေးချင်ပါတယ်။ ကိုယ်တိုင်ကလည်း ဘာဂိမ်းမှမဆော့ဖူးတဲ့ မိန်းကလေးဆိုတော့ ဘယ်လိုလုပ်ပေးရမှန်းလည်းမသိလို့ပါ။

အကြံလေးတွေရှိရင် ပေးကြပါဦး။

စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “မိန်းမသားတို့ ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး message box ကနေ ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။