ဒီခေတ်အချစ်ရေးအများစုက ဘာကြောင့် လမ်းခွဲလွယ်လာကြတာလဲ။

blank

ဒီနေ့ခေတ်မျိုးဆက်သစ်လူငယ်တွေဟာ ဘာပဲလုပ်လုပ် မြန်ဆန်တဲ့ရလဒ်ကို ကြိုက်ကြပါတယ်။

အထူးသဖြင့် ၁၉၈ဝ နဲ့ ၁၉၉ဝ ကြားမွေးဖွားလာတဲ့ Generation Y မျိုးဆက်တွေဟာ နည်းပညာတိုး တက်မှုနဲ့အတူကြီးပြင်းလာကြတာမို့ သူတို့ခေတ်မှာ လိုအပ်တဲ့အရာတွေကို အွန်လိုင်းပေါ်ကနေ မြန်မြန်ဆန် ဆန်ရှာဖွေလို့ရလာကြတယ်။ ဒါနဲ့ပဲ လိုချင်တာကို ချက်ချင်းရနေတဲ့ အကျင့်တွေလည်း စွဲလာကြပါတယ်။ အ ချစ်ရေးတွေ လွယ်လွယ်ပြိုကွဲလာရတဲ့အကြောင်းရင်းထဲမှာ အဲ့ဒါလည်း ပါပါတယ်။

ဘာလို့လဲဆိုတော့ အချစ်ရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတော့ တခြားအရာတွေလို အွန်လိုင်းပေါ် ကနေ ရှာဖွေပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းယူလို့မရလို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အချစ်ရေးတွေဆိုတာ ယေဘုယျအားဖြင့် ရှင်သန်ကြီးထွားဖို့၊ ခိုင်မြဲအောင် ပြုစုပျိုးထောင်ဖို့ အချိန်တွေ အများကြီးလိုပါတယ်။ အချစ်တစ်ခုတည်းနဲ့ လူနှစ်ယောက် ကြားမှာ ချက်ချင်းလက်ငင်းခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုဖြစ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိန်ယူရ တယ်။ စိတ်ရှည်သည်းခံရတယ်။ တဖြည်းဖြည်းခိုင်မာလာအောင် တည်ဆောက်ပေးမယ့် အခက်အခဲ တွေကို အဆင့်ဆင့်ကျော်ဖြတ်ရပါတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တယ်ဆိုရင် အဲ့ဒီအချက်လေးတွေကို စုံတွဲ တိုင်းသတိပြုသင့်ပါတယ်။

သင်ကော ဒီနေ့ခေတ်မျိုးဆက်တွေရဲ့အချစ်ရေးကို ဘယ်လိုမြင်လဲ။