အဆိပ်သင့်တဲ့ အချစ်ရေးထဲရောက်နေသူတိုင်းက ဘာကြောင့် ရုန်းမထွက်နိုင်ကြတာလဲ။

blank

လူတစ်ယောက်ယောက်ကများ အချစ်ရေးမှာ အဆင်ပြေမနေဘူးလို့ ကျွန်မတို့ ကြားသိရတဲ့အခါ ပထမဦးဆုံးမေးမိတဲ့ မေးခွန်းက “သူတို့ဘာကြောင့် အဲ့ဒီအချစ်ရေးကနေ ရုန်းထွက်မပစ်တာလဲ” ဆိုတာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေဟာ အချစ်ရေးတစ်ခုအဆင်ပြေမနေဘူးဆိုရင်တောင် အဲ့ဒီထဲမှာ အောင့်အည်းသည်းခံပြီးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့….

၁။ အချစ်ရေးမှာ အဆင်မပြေမှုတွေက ကြုံတွေ့နေရတာ သဘာဝပဲလို့ ပတ်ဝန်းကျင်က မှတ်ယူထားကြတယ်ဆိုတာကို သူတို့သိနေတယ်။ ပြီးတော့ သူတို့ရနေတဲ့ စိတ်ဒဏ်ရာတွေကလည်း ပုံမှန်ပဲလို့ ထင်နေတတ်ကြလို့

၂။ စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်စော်ကားခံနေရမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှုတွေ၊ ဘဝကို အသစ်တစ်ဖန် ပြန်စလိုစိတ်တွေကို ပျောက်ဆုံးနေလို့

၃။ အနိုင်ကျင့်ခံရ၊ စိတ်ဆင်းရဲအောင် ပြုလုပ်ခံရပြီးနောက် အချော့ခံရတာ၊ ပြန်ချစ်ခံရတာတွေ ကြားထဲမှာ နှစ်မွန်းနေလို့

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ ထွက်ခွာသွားခဲ့ရင် အန္တရာယ်ပြုခံရမှာကို ကြောက်နေလို့

၅။ အေးဆေးတည်ငြိမ်စွာ လမ်းခွဲနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာသိနေလို့

၆။ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေ ဝေဖန်မှုတွေကို အလွန်အမင်း ထည့်တွက်နေလို့

၇။ သူတို့ချစ်သူရဲ့ မကောင်းတဲ့ အပြုအမူတွေဟာ သူတို့ရဲ့လုပ်ရပ်တွေ မှားနေတာကြောင့် ဖြစ်နေတယ်လို့ ထင်နေလို့

၈။ သူတို့ကအဲ့ဒီအချစ်ရေးကို ဖက်တွယ်ထားရင် တစ်ချိန်ချိန်မှာ ပြောင်းလဲသွားမှာပါလို့ ထင်နေလို့

၉။ ပတ်ဝန်းကျင်ရဲ့ဖိအားတွေ “သိပ်ချစ်ကြတဲ့စုံတွဲ” ဆိုတဲ့ စံနှုန်းတွေကို ထည့်တွက်နေလို့

၁ဝ။ အခြားသူတွေက ဘာပြောကြမလဲဆိုတဲ့ အရေးမပါတဲ့ ယူဆချက်တွေကို ထည့်တွက်နေလို့

သင့်အနေနဲ့ကော အဆိပ်သင့်တဲ့အချစ်ရေးထဲရောက်နေသူတွေက ဘာကြောင့်လွယ်လွယ်နဲ့ လက်မလွတ်နိုင်ကြတာလို့ ထင်မိလဲ။ ဝေမျှပေးပါဦး။