ဒီဇင်ဘာမွေးနေ့ရှင်လေးတွေနဲ့ ဒိတ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

blank
၁။ သစ္စာရှိတယ်။

သူတို့နဲ့သိပြီဆိုတာနဲ့ သင့်လက်ကျန်ဘဝတလျှောက်လုံး အတူရှိသွားချင်တဲ့သူမျိုးတွေလို့ နား လည်လိုက်မယ့် မွေးလရှင်လေးတွေပါ။ ရိုးသားပြီး ယုံကြည်ထိုက်တဲ့လက်တွဲဖော်မျိုးရှာနေတယ်ဆိုရင် သူတို့ကိုသာ မျက်စိမှိတ်ပြီး ရွေးချယ်လိုက်ပါ။

၂။ သီးသန့်နေရတာကြိုက်တယ်။

သူတို့အထူးဂရုစိုက်ပြီး ချစ်ခင်ယုံကြည်ရတဲ့သူမဟုတ်ရင် သူတို့ခံစားချက်တွေကို အခုတ်တရ ပြောပြချင်တဲ့သူတွေမဟုတ်ပါဘူး။ သူတို့ရင်တွင်းခံစားချက်တွေကို လူတွေသိအောင် ပြောပြရတာ ထက် တိတ်တိတ်လေးသိမ်းထားရတာကိုပဲ နှစ်သက်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေ ကို နားလည်ပေးဖို့တော့ မမေ့ပါနဲ့နော်။

၃။ ဦးဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်။

ဘယ်အခြေအနေမှာ ဘာလုပ်သင့်တယ်ဆိုတာ နားလည်တဲ့သူတွေပါ။ သူတို့လက်ကိုင်ထား တာက တရားမျှတမှုနဲ့ နားလည်မှုဖြစ်တာကြောင့် ပြဿနာတစ်ခုခုဖြစ်တဲ့အခါ သင့်ဘက်ကို ဘယ် တော့မှ တစ်ဖက်သတ် အပြစ်မတင်ဘူးဆိုတာ ယုံကြည်ထားလိုက်ပါ။

၎။ ကူညီတတ်ကြတယ်။

ဆရာလိုနှလုံးသားနဲ့ မွေးနေ့ရှင်လေးတွေပါ။ တစ်ဖက်သားမှားနေရင် ပြောပြပေးတယ်။ ပြုပြင် နိုင်ဖို့ ကူညီပေးတယ်။ လူတိုင်းအပေါ် အကောင်းမြင်တတ်ပြီး တစ်ဖက်သားဆန္ဒကိုလည်း ဦးစားပေး တတ်တာကြောင့် သူတို့နဲ့ချစ်သူတော်ခွင့်ရတာဟာ သင့်ဘဝအတွက် အကောင်းဆုံးကူညီပံ့ပိုးပေးမယ့် သူရရှိတာနဲ့ အတူတူပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ ခေါင်းမာကြတယ်။

ဒါကတော့ ဒီဇင်ဘာမွေးလရှင်လေးတွေရဲ့ ရှားရှားပါးပါး အားနည်းချက်လို့ဆိုရမှာပါ။ ခေါင်းမာ ပြီးတော့ သူတို့မယုံကြည်တဲ့အရာအတွက်ဆို လိုက်လျောညီထွေဖြစ်အောင်တောင် နားမထောင်ပေး ကြပါဘူး။ ဒါကြောင့် သူတို့ယုံကြည်မှုနဲ့ပတ်သက်လာရင်လည်း အငြင်းမပွားမိအောင် ဆင်ခြင်ဖို့ သတိ ပြုသင့်ပါတယ်။

၆။ ချစ်တတ်ကြတယ်။

အချစ်နဲ့ပတ်သက်လာရင် လက်တွဲဖော်ကောင်းဖြစ်အောင် ကြိုးစားကြသူတွေပါ။ ဘယ်လိုအ ခက်အခဲမျိုးကြုံပါစေ၊ လက်တွဲဖော်ကို လက်တွဲမဖြုတ်ဘဲ အတတ်နိုင်ဆုံးပံ့ပိုးကူညီပေးကြတယ်။ သူ တို့ရဲ့တာဝန်ဝတ္တရားတွေကို အနားလည်ဆုံးချစ်သူတွေပါပဲ။

၇။ ရုပ်ဝတ္ထုပစ္စည်းတွေထက် လူသားဆန်မှုကို နှစ်သက်ကြတယ်။

အပေါ်ယံစည်းစိမ်ဥစ္စာတွေထက် မိသားစု၊ သူငယ်ချင်း၊ ချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိရတဲ့ဘဝကို ပိုတန်ဖိုးထားကြသူတွေပါ။ သူတို့ရှင်သန်ခွင့်ရတဲ့အခိုက်အတန့်တိုင်းကို တန်ဖိုးထားပြီး ဖြတ်သန်းတယ်။ ဒီခေတ်ကြီးထဲမှာတော့ ရှားရှားပါးပါးသူတွေပါပဲ။

၈။ ဉာဏ်ရည်ထက်မြက်ကြတယ်။

သင်ယူမှုနဲ့ပတ်သက်လာရင် ဘယ်တော့မှ နောက်ကျတယ်လို့ မထင်ကြသူတွေပါ။ ဘယ်နေရာ ကိုသွားသွား အသစ်တစ်ခုခုကိုတော့ သူတို့ရအောင် သင်ယူပါတယ်။ ဒါကြောင့် သူတို့နဲ့နီးနီးနေရတဲ့သူ တွေကိုလည်း သူတို့ရရှိနေတဲ့ဗဟုသုတတွေကို ပြန်မျှဝေပေးမှာ မလွဲပါဘူးနော်။

၉။ ကြင်နာတတ်တယ်။

ကြီးမားတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပြီး ကြင်နာတတ်ကြတယ်။ အဲ့ဒီသဘောကောင်းကြင်နာ တတ်မှုကို အသုံးချကြတဲ့တချို့သူတွေကြောင့် မကြာခဏစိတ်ညစ်ရတတ်တယ်။ သူတို့နဲ့ချစ်သူဖြစ် မယ်ဆိုရင် အဲ့ဒီအချက်လေးကိုလည်း ကြိုသိထားသင့်ပါတယ်။

၁ဝ။ ရိုးသားတယ်။

မျက်နှာထားကြည့်တာနဲ့တင် ရိုးသားသူတွေမှန်း ပေါ်လွင်နေကြသူတွေပါ။ မရိုးသားမှုတွေ၊ လိမ်ညာမှုတွေကိုလည်း ရွံ့မုန်းကြတယ်။ ဒါကြောင့် သူတို့နဲ့ချစ်သူအဖြစ်တွဲမယ်ဆိုရင် ဘာအကြောင်း ပဲဖြစ်ဖြစ် သူတို့ကို မလိမ်ညာမိအောင် သတိထားဖို့တော့ လိုပါလိမ့်မယ်။

တိုက်ဆိုင်မှုလေးတွေရှိနေရင် SHARE လိုက်ပါဦးနော်။