ဖေဖေ၊ မေမေတို့အတွက် သတိထားစရာ အကြံပြုချက် ၇ ရပ်

blank

၁။ သင့်ကို ဒေါသထွက်စေတဲ့အရာတွေကို သတိထားပါ။

၂။ ဒေါသထွက်တော့မယ်ဆိုရင် စိတ်ပြန်တည်ငြိမ်စေဖို့ အသက်ဝဝရှူလိုက်ပါ။

၃။ သင်လိုချင်တဲ့အရာတွေအားလုံးအတွက် သင်က စံပြဖြစ်ပါစေ။ သင်မလုပ်နိုင်ရင် သင့်ကလေးကလည်း လုပ်နိုင်မှာမဟုတ်ပါဘူး။

၄။ သင်မှားနေရင် ကလေးကို တောင်းပန်လိုက်ပါ။ အဲ့ဒါက အဆင်ပြေပါတယ်။ ပြီးပြည့်စုံတဲ့သူဆိုတာ ဘယ်သူမှ မရှိပါဘူး။

၅။ လူသားအဖြစ်ရှင်သန်ရခြင်းက ကောင်းတဲ့အရာတစ်ခုဆိုတာ ပြောပြပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၆။ သင့်ကိုယ်ပိုင်ကန့်သတ်ချက်တွေကို သိပါ။ သင့်ကိုယ်သင် ဂရုစိုက်ဖို့နဲ့ ကျန်းမာဖို့ကို ဦးစားပေးပါ။

၇။ နေ့ရက်တိုင်းကို အတွေ့အကြုံသင်ကြားရာနေ့တစ်နေ့အဖြစ် မှတ်ယူပါ။

ဖေဖေမေမေတို့ရေ တကယ်တော့ ကလေးပြုစုပျိုးထောင်ခြင်းဆိုတာ ခရီးဆုံးပန်းတိုင်တစ်ခု မဟုတ်ပါဘူး။ မဆုံးနိုင်တဲ့ ခရီးရှည်ကြီးတစ်ခုပါ။ ဒါကြောင့် အမြဲလေ့လာသင်ယူရင်း ဖြတ်သန်းသွားတာ အကောင်းဆုံးပါပဲ။

စာချစ်သူတို့မျှဝေချင်တဲ့ ပြုစုပျိုးထောင်နည်းလေးတွေရှိရင်လည်း comment မှာ ရေးခဲ့ပါနော်။