ချုပ်ချယ်လွန်းခြင်းက အချစ်ရေးတစ်ခုကို စောစောစီးစီးအဆုံးသတ်သွားစေနိုင်ပါတယ်။

blank

စာချစ်သူတို့ရေ…

အချစ်ရေးတစ်ခုကို ပြိုကွဲသွားစေနိုင်တဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ အဲ့ဒီထဲမှာ ချုပ်ချယ်တာလည်း ပါပါတယ်။  ချုပ်ချယ်ခြင်းဆိုတာ တစ်နည်းအားဖြင့် ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ ပြဿနာရပ်မို့ သဝန်တိုခံရတာ၊ အသွားအလာ၊ အနေအထိုင်၊ အပြုအမူတွေနဲ့ပတ်သက်ပြီး အမြဲစစ်ဆေးခံနေရတာတွေဟာ ကြာလာတဲ့အခါ တစ်ဖက်သားအတွက် လုံးဝအဆင်မပြေစရာဖြစ်လာပါတယ်။ လုပ်သမျှအရာရာတိုင်းအတွက် ဖြေရှင်းချက်ပေးနေရတာ၊ ထိန်းချုပ်ခံနေရတာဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကန့်သတ်ခံနေရတာဖြစ်တဲ့ အ တွက် စိတ်ကြဉ်းကျပ်လာကြပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ရပ်တည်မှုရှိသလို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေလည်း ရှိကြပါတယ်။ အဲ့ဒီအရာတွေကို ထိန်းချုပ်ဖို့ကြိုးစားတာဟာ နှစ်ယောက်သားကြားက အချစ်ရေးကို မြန်မြန်အ ဆုံးသတ်အောင် တွန်းအားပေးလိုက်တာနဲ့ အတူတူပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒီအခြေအနေကို ဖြေရှင်းဖို့ဆိုရင် ဒါလေးတွေ သတိထားသင့်ပါတယ်။

  • သူဘာလုပ်နေလဲဆိုတာ သိချင်ရုံလေးသက်သက်အတွက် မနက် ၂ နာရီအချိန်ကြီးမှာ မက်ဆေ့ခ်ျပို့ တာမျိုး မလုပ်သင့်ပါ။
  • သူ့ဘက်မှာလည်း အကြောင်းရင်းရှိနိုင်တာကြောင့် ပို့လိုက်တဲ့စာကို ချက်ချင်းမပြန်တိုင်း အပြစ်မတင် သင့်ပါ။
  • နေရာတကာ လိုက်ထိန်းချုပ်နေရအောင် သင်က သူ့မိဘမဟုတ်တာကို သတိရပါ။
  • သူလည်း အရွယ်ရောက်နေသူတစ်ယောက်မို့ အရွယ်ရောက်နေသူတစ်ယောက်လို ဆက်ဆံပါ။

အဲ့ဒီအချက်လေးတွေ သတိပြုဆင်ခြင်မိရင်တော့ သဝန်တိုချုပ်ချယ်တာကြောင့် အချစ်ရေးမှာ မလိုအပ် ဘဲ ဖြစ်နေရတဲ့ပြဿနာလေးတွေ လျှော့ချနိုင်ပြီး ပျော်စရာအချစ်ရေးကို ပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ။

သင်ကော သင်တို့အချစ်ရေးမှာရှိတဲ့ပြဿနာရပ်လေးတွေကို ဘယ်လိုဖြေရှင်းလေ့ရှိလဲဆိုတာ comment box မှာ မျှဝေသွားပါဦး။