တစ်ယောက်ယောက်ကို တကယ်ချစ်ဖို့ အကြောင်းပြချက်တွေ မလိုပါဘူး။ အချစ်ဟာ အချစ်နဲ့တူဖို့ပဲလိုတယ်။

blank

တကယ်တော့ ကမ္ဘာပေါ်မှာ အလှပဆုံးဆိုတဲ့အရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အလှအမျိုးမျိုးရှိ နေလို့ ဖြစ်ပါတယ်။

တချို့လူတွေက ပြည့်ပြည့်လုံးလုံးလေးတွေကိုမှ လှတယ်ထင်ကြတယ်။ တချို့ကျတော့ ပိန်မှတဲ့။ တချို့ တွေကျတော့လည်း ကြွက်သားတွေနဲ့ကြံ့ခိုင်မှုရှိတဲ့ကိုယ်ဟန်အလှမျိုးကိုမှ နှစ်သက်ကြတယ်။

တချို့လူတွေက ခြသေ့င်္လည်ဆံမွေးလို ဆံပင်ထူတာကို ကြိုက်ကြတယ်။ တချို့ကျတော့လည်း ရေတံ ခွန်လိုပျောင်းနွဲ့စင်းကျနေတဲ့ ဆံကေသာပိုင်ရှင်တွေကို သဘောကျကြပါတယ်။

တချို့လူတွေကျတော့လည်း ကြယ်တွေပြည့်နေတဲ့ ညကောင်းကင်ကြီးကသာ အလှဆုံးလို့ ဆိုကြပြန် တယ်။ တချို့တွေကတော့ နှင်းတွေကြားက တောအုပ်လေးကသာ အလှဆုံးလို့ တင်စားကြပြန်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တချို့လူတွေကျတော့….။

ဒီလိုပါပဲ။ အလှတရားနဲ့ပတ်သက်လာရင် လူအမျိုးမျိုး၊ အကြိုက်အမျိုးမျိုးကွဲသွားကြပါတယ်။ အချစ်ဆို တာလည်း အဲ့ဒီလိုပါပဲ။ တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ ဘာကြီးဖြစ်လို့၊ ညာကြီးဖြစ်လို့ဆိုတာထက် ကိုယ်ကိုက ချစ်မိသွားလို့ပါ။ အချစ်အားလုံးဟာ တစ်ယောက်ချင်းစီအတွက်တော့ အတူတူလှကြပါတယ်။ ဒါ ကြောင့် တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားဖို့ဆိုရင် အကြောင်းပြချက်တွေ မလိုပါဘူး။ အချစ်ဟာ အချစ်နဲ့တူဖို့ပဲ လိုပါတယ်။

သင်ကော အချစ်ကို ဘယ်လိုမြင်လဲ။