တချို့သောပေါင်းသင်းဆက်ဆံရေးအဖုအထစ်တွေဆိုတာ မျိုသိပ်ထားမိတာတွေကြောင့်ပါ။

blank

တစ်ခါတလေမှာ အပြင်ပန်းမှာ ဘာမှမဖြစ်ကြပေမဲ့ သူနဲ့ကိုယ်အဆင်မပြေနေဘူးဆိုတာကို သူနဲ့ကိုယ်ပဲ သိတယ်။

အထူးသဖြင့် အွန်လိုင်းပေါ်က အရင်လိုမဟုတ်တော့တဲ့ ဆက်ဆံရေးအခြေအနေက သူနဲ့ကိုယ့်ကြား တစ်ခုခုရှိနေတာကို ပြသနေတယ်။ ဒါကို သူလည်း သိတယ်။ ကိုယ်လည်းသိတယ်။ ဘာကြောင့် ဖြစ်နေမှန်းလည်း မသိဘူး။ သူကလည်း သူ့မာနနဲ့သူ မမေးသလို၊ ကိုယ်ကလည်း ကိုယ်စမေးလိုက်ရင် ကိုယ့်ဘက်က မှားနေရာကျ မှာစိုးလို့ စမမေးမိဘူး။ သူက ကင်းကင်းနေရင် ကိုယ်ကလည်း ပိုကင်းအောင် နေပြလိုက်တယ်။

အဲ့ဒီလိုနဲ့ပဲ ဘာမှန်းမသိဝေးသွားကြတဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးတွေမနည်းပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်လို့ တစ်ဖက်ဖက်က စတင်ပြီး ဒီကိစ္စကို ပွင့်လင်းလိုက်မယ်။ ဖြေရှင်းလိုက်မယ်ဆိုရင် အလကား နေရင်း မိတ်ဆွေသူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားရတာမျိုးဖြစ်တော့မှာ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး ဆိုတာ ဘဝအတွက် အရေးကြီးပါတယ်။ အဆင်မပြေဘူးထင်ရင် ဖွင့်ပြောလိုက်ပါ။ တစ်ခုခုရှိနေတယ်ထင်ရင် ဖွင့် မေးလိုက်ပါ။ ဖုထစ်နေတယ်ထင်ရင် စကားပြောကြည့်လိုက်ပါ။ ဖြေရှင်းလို့လည်းရတဲ့၊ ဘာမဟုတ်တဲ့အဖုအထစ် လေးကို ဖွင့်မပြောဘဲ မျိုသိပ်နေလိုက်ခြင်းအားဖြင့် သင့်ပေါင်းသင်းဆက်ဆံရေးတွေကို ဆုံးရှုံးမခံလိုက်ပါနဲ့နော်။

သင်ကော ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအချက်လေးတွေ အကြံပြုချင်လဲ။