သင်ချစ်ချင်တဲ့သူကို ချစ်ပါ။ ဒါပေမဲ့… သူများကိုမချစ်ခင် သင့်ကိုယ်သင်အရင်ချစ်ပါ။

blank

ခဏခဏအသည်းကွဲနေရလို့ မချစ်ချင်တော့ဘူးလား။

အချစ်တွေပေးလိုက်ပေမယ့် ပြန်ရလိုက်တာက ဥပေက္ခာတွေ ဖြစ်နေလား။

ရက်ရက်ရောရောပေးလိုက်တဲ့အချစ်တွေကို တန်ဖိုးမထားဘဲ လှောင်ရယ်ခံနေရလား။

များများချစ်ရင် များများရှုံးတယ်လို့ လူတွေက ပြောကြတယ်။

အဲ့ဒါက ကိုယ့်အပေါ်မှာလည်း မူတည်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူများကိုချစ်ရတာက အခန့်မသင့်ရင် နာကျင်ရတာ မှန်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့စိတ် အခံရှိထားရင် နာကျင်မှုအများကြီး သက်သာပါတယ်။

ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်ဟာ ကိုယ့်ဘဝကိုယ် မှန်မှန်ကန်ကန်သုံးသပ်နိုင်စေပါတယ်။

ကိုယ်လျှောက်လှမ်းရမယ့်လမ်းကို အကောင်းဆုံးရွေးချယ်နိုင်စေပါတယ်။

မချစ်သင့်တဲ့သူကို လက်လွှတ်ဖို့ ခံနိုင်ရည်သတ္တိတွေပေးပါတယ်။

အဲ့ဒါဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းရဲ့အကျိုးကျေးဇူးတွေပါ။ အမုန်းထက်စာရင် အချစ်က ကောင်းပါတယ်။ ချစ်ရမှာကို မကြောက်ပါနဲ့။ ဒါပေမဲ့… မထိုက်တန်တဲ့အချစ်နဲ့ တွေ့လာတဲ့အခါ ခံနိုင်ရည်ရှိဖို့ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ဖို့လည်း မမေ့ပါနဲ့နော်။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။