မမှန်ကန်တဲ့သူနဲ့ဆုံပြီး ဘဝကမောက်ကမ ဖြစ်ရတာထက်စာရင် အထီးကျန်တာက ပိုကောင်းပါတယ်။

blank

သူများတွေကိုကြည့်လိုက်ရင် ချစ်သူတွေ၊ လက်တွဲဖော်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ ကိုယ်စီ နဲ့။ ကိုယ့်မှာတော့ ဘယ်အချိန်ကြည့်ကြည့်အမြဲတစ်ယောက်တည်းဖြစ်နေတယ်။ တစ်ယောက်တည်းနေတဲ့သူတိုင်းလည်း အထီးကျန်တာတော့ မဟုတ်ပါဘူး။ တချို့တွေကျတော့ အထီးကျန်တာဟာ တစ်ယောက်တည်းဖြစ်နေလို့လို့ ထင်တတ်ကြတယ်။ ပြီးတော့ ဘဝဆိုတာကလည်း အမြဲရုန်းကန်လှုပ်ရှားနေရတဲ့အတွက်. . .

– ခက်ခဲချိန်တွေလည်းရှိကောင်းရှိမယ်။

– ကောင်းတူဆိုးဖက်မျှဝေခံစားဖော်လိုအပ်မိချိန်တွေလည်း ရှိကောင်းရှိမယ်။

– တိုင်ပင်ဖော်တိုင်ပင်ဖက်လိုအပ်နေချိန်လည်း ရှိကောင်းရှိမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– အားငယ်နေချိန် ဆုပ်ကိုင်ထားပေးမယ့်လက်တစ်စုံလိုအပ်နေချိန်လည်း ရှိကောင်းရှိမယ်။

– ငိုကြွေးချင်တဲ့အခါ မှီစရာပခုံးတစ်ဖက် တောင့်တမိချိန်လည်းရှိကောင်းရှိမယ်။

ဒါပေမဲ့… ကိုယ်ဆုံတွေ့ခွင့်ရမယ့်သူမျိုးဟာ ကိုယ်တကယ်လိုချင်နေတဲ့လိုအပ်နေတဲ့သူမျိုး သေချာ ပေါက်ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကိုယ်လိုချင်တာတွေနဲ့ဆန့်ကျင်ဖက်ဖြစ်နေမယ့်သူမျိုး နဲ့ များ မတော်တဆရေစက်ဆုံမိတဲ့အခါ လက်ရှိကိုယ့်ငြိမ်းချမ်းမှုလေးတောင် ပျောက်ပျက်သွားနိုင်ပါတယ်။ တစ် နည်းအားဖြင့် အထီးကျန်တယ်ဆိုတာ အလုပ်မရှုပ်ဘဲ ငြိမ်းချမ်းနေတာပါ။ မမှန်ကန်တဲ့သူနဲ့ဆုံပြီး ဘဝကမောက် ကမ ဖြစ်ရတာထက်စာရင် အထီးကျန်တာက ပိုကောင်းပါတယ်။ တစ်ခါတလေမှာ တစ်ယောက်တည်းနေတာ ဟာ ဘဝမှာ အလုံခြုံဆုံးပါပဲ။

ကဲ… သင်ကော သင့်ဘဝကို အထီးကျန်တယ်လို့ တွေးနေဦးမှာလား။