“ကိုယ့်ထက်သာမနာလို” စိတ်ရှိတဲ့လုပ်ဖော်ကိုင်ဖက်များနဲ့အဆင်ပြေအောင် ဘယ်လိုနေမလဲ။

blank

“ ကိုယ့်ထက်သာမနာလို” ဆိုတဲ့စကားကို နယ်ပယ်တစ်ခုခုမှာ ကျင်လည်နေရသူတိုင်း ကြုံဖူး၊ ကြားဖူးကြ မှာပါ။ သူတစ်ပါးအောင်မြင်မှုကို “တော်လို့မဟုတ်ပါဘူး။ ကံကောင်းလို့ပါ” ဆိုပြီး နှိမ့်ချတာ၊ အောင်မြင်သူရဲ့ ကောင်းကွက်ကို အသိအမှတ်မပြုဘဲ အပြစ်အနာအဆာသေးသေးလေးတွေ ထုတ်ဖော်ကဲ့ရဲ့တာ၊ အုပ်စုထဲက ဖယ်ထုတ်လိုက်တာ၊ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်တာ၊ မဟုတ်မမှန်တဲ့ အတင်းအဖျင်းတွေ လျှောက်ပြော တာ၊ မနာလိုတာ စတဲ့အချက်တွေဟာ ကိုယ့်ထက်သာမနာလိုသူတွေရဲ့ အမူအကျင့်တွေပါပဲ။

စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ လုပ်ငန်းခွင်အများစုမှာ အဲ့ဒီလိုလူတွေ ရှိကြပါတယ်။ ထူးချွန် အောင်မြင်သူတွေအတွက်တော့ ဒါဟာ စိတ်ဒုက္ခဖြစ်စရာပါပဲ။ ကိုယ့်အောင်မြင်မှုအပေါ် လှောင်ပြောင်သရော် ခံရခြင်းက စိတ်အားနည်းသူအတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုတွေကျဆင်းပြီး ရည်မှန်းချက်တွေ ပျောက်ပျက်ကုန်တဲ့အထိပါ ဖြစ်သွားစေနိုင်ပါတယ်။ ဆိုးကျိုးတွေအနေနဲ့ စိတ်ကူးအသစ်တွေကို သူတစ်ပါးနဲ့ မမျှဝေရဲတော့တာ၊ ကိုယ့်အောင်မြင်မှုတွေကို မမျှဝေရဲတော့တာ၊ အုပ်စုထဲဘေးထွက်ရမှာစိုးလို့ နောက်ထပ် ကြိုးစားမှုတွေမပြုလုပ်ဝံ့တော့တာ၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်အောင်မြင်မှုအပေါ် ကိုယ်တိုင်အကောင်းမမြင်တော့ တာအထိ ဖြစ်လာကြပါတယ်။

အဲ့ဒီလိုဖြစ်လာပြီဆိုရင် ကိုယ့်ဘဝတက်လမ်းအတွက် အလွန်အန္တရာယ်ရှိပါတယ်။ တစ်ပါးသူရဲ့ မနာလို ဝန်တိုတိုက်ခိုက်မှုတွေကြောင့် ကိုယ့်ကြိုးစားမှုတွေကို ရပ်တန့်ပစ်လိုက်တာက မဖြစ်သင့်တဲ့အရာပါ။ ဒါကြောင့် သင်လည်း သင့်ဝန်းကျင်မှာ ဒီလိုလူတစ်ယောက်နဲ့တွေ့ကြုံနေတယ်ဆိုရင် အောက်ပါနည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

၁။ သင့်အောင်မြင်မှုကို လှောင်ပြောင်ခံရမှာကြောက်စိတ်နဲ့ ကြိုးစားမှုတွေကို မရပ်တန့်လိုက်ပါနဲ့။

သူတို့ဘာသာဖြစ်နေတဲ့ တစ်ဖက်သတ်မနာလိုစိတ်တွေကို သင်ရပ်တန့်ပေးလို့ မရတာတော့ မှန်ပါ တယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်က သင့်ရည်မှန်းချက်ပါပဲ။ မလိုတာတွေဖယ်ထားပြီး သင့်ကိုယ်သင်နဲ့ သင့်အ ပေါ် ကူညီနေသူတွေကိုသာ အာရုံစိုက်လိုက်ပါ။

၂။ သူတို့ကို ချီးမွမ်းပါ။

သူတို့က သင့်အောင်မြင်မှုအပေါ် မုဒိတာမပွားပေးနိုင်ကြပေမဲ့ သင်က သူတို့အောင်မြင်မှုတွေကို ချီး ကျူးပါများလာတဲ့အခါ သင်နဲ့ပတ်သက်ပြီး အဆိုးတွေပြောဖို့လည်း တွန့်ဆုတ်လာကြမှာပါ။ သင့်ချီးကျူးမှုကို တန်ဖိုးထားတတ်လာတဲ့အခါ သင့်တန်ဖိုးကိုလည်း သူတို့ပိုနားလည်လာမှာပါ။

၃။ ပူးပေါင်းဆောင်ရွက်ပါ။

သင့်အောင်မြင်မှုဟာ သင့်ရည်မှန်းချက်ကြီးမားမှုနဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့် ဖြစ်ပါတယ်။ တ ကယ်လို့ သင်က တစ်ခုခုမှာထူးချွန်အောင်မြင်သူဖြစ်တယ်ဆိုရင် သင့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အတူတူ လေ့လာဖို့ ကမ်းလှမ်းပါ။ အတူလေ့ကျင့်ခြင်းအားဖြင့် တစ်အုပ်စုလုံးအတူတူတိုးတက်နိုင်ပါတယ်။

၎။ စိန်ခေါ်မှုအသစ်တွေကို ကြိုးစားကြည့်ပါ။

ဘာသာစကားအသစ်တစ်ခု၊ ဝါသနာအသစ်တစ်ခုခုကို ကြိုးစားတဲ့အခါ သင့်အားနည်းချက်တွေကို ပြ သခွင့်ပြုလိုက်သလိုပါပဲ။ ဒါဆို သင့်အပေါ်မနာလိုနေသူတွေဆီက အဆိုးမြင်စိတ်တွေလည်း လျော့သွားမှာပါ။

၅။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ အကူအညီရှာဖွေပါ။

သင့်အပေါ် ကူညီမယ့်သူတွေနဲ့ သင့်အောင်မြင်မှုကို ဂုဏ်ပြုမယ့်သူတွေနဲ့သာ သင့်ကိုယ်သင် ဝန်းရံ ထားပါ။ သင့်ကိုယ်သင်လည်း သင့်အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုဖို့ သတိရပါ။ အခက်အခဲတွေရှိနေရင် အကူ အညီတောင်းပါ။ အကြံပေးပညာရှင်တွေ၊ စိတ်ကျန်းမာရေးပညာရှင်တွေက သင့်အခြေအနေကိုကြည့်ပြီး လိုအပ် တဲ့အကြံဉာဏ်တွေကို ပေးမှာပါ။

သင့်ဝန်းကျင်မှာလည်း ဒီလိုအတွေ့အကြုံမျိုးကြုံဖူးတယ်ဆိုရင် SHARE ခဲ့ပါဦးနော်။