သူတစ်ပါးရဲ့ပျော်ရွှင်မှုအပေါ် မနာလိုမရှုစိမ့်ခြင်းက ကိုယ့်စိတ်ကျန်းမာရေးကိုသာ ထိခိုက်စေပါတယ်။

blank

စာချစ်သူတို့ရေ…

လေ့လာတွေ့ရှိမှုအရ တခြားသူတွေရဲ့ပျော်ရွှင်မှုတွေကို မုန်းတီးခြင်းက ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို သာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ အဆိုးမြင်ခြင်းက ဘယ်သူ့အတွက်မှ အကူအညီကောင်းတစ်ခု မဖြစ်စေပါဘူး။

ပျော်ရွှင်မှုအပေါ် မုန်းတီးတဲ့လူတွေဟာ အဆိုးဆုံးလူစားမျိုးတွေလို့ ဆိုရမှာပါ။

လူတိုင်းရဲ့ပတ်ဝန်းကျင်မှာလည်း တစ်ခါတစ်ရံမြင်ဖူးကြမှာပါ။ တခြားလူတွေ ပျော်ရွှင်နေတဲ့အခါ တချို့ လူတွေ မုဒိတာမပွားပေးနိုင်ဘဲ မျက်စိမျက်နှာမလှရှိနေတတ်ကြပါတယ်။ နှုတ်ဆိတ်နေခြင်း၊ ဒါမှမဟုတ် “ဝမ်း သာပါတယ်” ဆိုတဲ့စကားမျိုးကို စိတ်မပါလက်မပါပြောခြင်းမျိုးနဲ့ တုံ့ပြန်တတ်ကြပါတယ်။

တကယ်တော့ သူတို့တွေမေ့နေကြတာက တခြားလူတွေရဲ့ ကောင်းကင်ပေါ်ရွာတဲ့မိုးက ကိုယ့်အပေါ် စိုရွှဲစေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုအေးမြစေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ ကိုယ်အေး ချမ်းချင်ရင်၊ ကိုယ်ပျော်ရွှင်ချင်ရင် ကိုယ့်ကောင်းကင်ပေါ် မိုးရွာအောင် ကိုယ်တိုင်ကြိုးစားရမှာပါ။

ဘဝမှာ စိတ်ညစ်စရာတွေကြုံရတဲ့ နေ့ရက်တွေ၊ ရက်သတ္တပတ်တွေ၊ နှစ်ကာလတွေ ရှိနေတာက အရေးမကြီးပါဘူး။ ကိုယ့်ပြဿနာကို ဘာမှမဆိုင်တဲ့တခြားသူတွေအပေါ် ပုံချတာ၊ ထွက်ပေါက်ရှာတာကသာ မှားယွင်းတဲ့အပြုအမူဖြစ်ပါတယ်။ အဲ့ဒီအပြုအမူကနေ မှန်ကန်တဲ့အရာတွေကိုလည်း ဘယ်တော့မှ ရရှိစေမှာ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ့်အဆိုးမြင်အတွေးတွေနဲ့တိုက်ခိုက်မှုကို ခံရထိုက်သူတွေမဟုတ်ပါဘူး။ သူတို့ အပေါ် ကောင်းတဲ့စိတ်မမွေးနိုင်ရင် မကောင်းတဲ့စိတ်တွေကို ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်ပါ။ သူငယ်ချင်း ဖြစ်စေ၊ မိသားစုဝင်တစ်ယောက်ယောက်ပဲဖြစ်စေ၊ သူစိမ်းအပေါ်ပဲဖြစ်စေ သူတို့တွေဟာ ကိုယ့်အဆင်မပြေမှု တွေရဲ့ ထွက်ပေါက်တွေမဟုတ်ကြပါဘူး။ ရင့်ကျက်တဲ့သူတွေဆိုတာ တခြားသူတွေအပေါ် ထွက်ပေါက်မရှာ တတ်ကြပါဘူး။           သူတို့ပျော်ရွှင်နေသည်ဖြစ်စေ၊ မပျော်ရွှင်နေသည်ဖြစ်စေ တခြားသူတွေအပေါ် ထွက်ပေါက် မရှာတဲ့အပြင် တခြားသူတွေပျော်ရွှင်ဖို့အတွက်ပါ ကူညီထောက်ပံ့ပေးနိုင်ကြပါသေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဥပမာ- ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက အလုပ်ပိတ်ရက်ရှည်မှာ အပျော်ခရီးထွက်ကြမယ့်အကြောင်း ကိုယ့်ကိုပြောတယ်ဆိုရင် သူတို့အတွက် ပျော်ရွှင်ပေးသင့်ပါတယ်။ အဲ့ဒီခရီးကို ကိုယ်မသွားနိုင်ဘူးဆိုရင်တောင် ကိုယ်မသွားနိုင်ရတဲ့အကြောင်းရင်းဟာ သူတို့ကြောင့်မဟုတ်တာကို နားလည်သင့်ပါတယ်။

ကိုယ့်ဘဝပိုကောင်းလာဖို့ တခြားသူကို စိတ်ညစ်အောင်လုပ်တာနဲ့မဆိုင်ဘူးဆိုတာ အခြေအနေမှန်ကို ခွဲခြားနားလည်ထားဖို့ လိုအပ်ပါတယ်။

မှန်ကန်တဲ့စိတ်ထားထားနိုင်ဖို့ဆိုတာ အမြဲတမ်းလွယ်ကူချင်မှ လွယ်ကူမှာပါ။ အထူးသဖြင့် ကိုယ်တ ကယ်လိုချင်တဲ့၊ လိုအပ်တဲ့အရာတွေကို တခြားသူတွေက ပိုင်ဆိုင်ထားနိုင်တဲ့အခါ စိတ်ဓာတ်ကျမိမှာတော့ လူ့သဘာဝပါပဲ။

ဒါပေမဲ့… အဲ့ဒီခံစားချက်တွေအတွက် အပြစ်မရှိတဲ့ တခြားလူတွေကို ထိခိုက်နာကျင်အောင် နှိမ့်ချပြော ဆိုလိုက်တာမျိုးထက် ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်အောင် အလုပ်ပိုကြိုးစားဖို့ တွန်းအားအဖြစ် ခံယူလိုက် တာက အရာရာကို ပိုကောင်းသွားစေပါတယ်။

ဒါဆိုရင်တော့ ကိုယ့်ဘဝကလည်း အများကြီးပိုပျော်စရာကောင်းလာမှာ အမှန်ပါပဲ။

အပြုသဘောဆောင်တဲ့အတွေးအခေါ်လေးတွေ ပြန်လည်ဝေမျှဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။