အခြားအမျိုးသမီးတစ်ယောက်ကို အားနာပြီး မင်းခံစားချက်တွေ ထိခိုက်မှာ မစိုးရိမ်တဲ့ ယောက်ျားတစ်ယောက်ကို ထားခဲ့ပါ။

blank

အားနာပြီး အခြားမိန်းကလေးတစ်ယောက်ကို အိမ်ပြန်ပို့ပေးရတဲ့ အခေါက်ရေတွေများနေတာဟာ မင်းရဲ့ ယုံကြည်မှုတွေကို ယိုင်နဲ့နေစေတယ်ဆိုတာကို နားမလည်တဲ့ယောက်ျားတစ်ယောက်….

ဝတ္တရားအရ အခြားမိန်းကလေးတစ်ယောက်ကို နေ့တိုင်းနီးပါး မုန့်လိုက်ကျွေးနေခြင်းဟာ မင်းရဲ့ခံစားချက်တွေကို ထိခိုက်စေတယ်ဆိုတာကို နားမလည်တဲ့ယောက်ျားတစ်ယောက်….

လူသားဆန်မှုအရ အခြားမိန်းကလေးတစ်ယောက်ကို အမြဲတမ်းလိုလို နှစ်သိမ့်ပေးနေခြင်းဟာ မင်းကို ပူဆွေးဝမ်းနည်းစေတယ်ဆိုတာကို နားမလည်တဲ့ ယောက်ျားတစ်ယောက်…

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ယောက်ျားပီသမှုကြောင့် အခြားမိန်းကလေးတစ်ယောက်ကို အမြဲတမ်းလိုလို ကူညီပေးနေခြင်းဟာ မင်းနှလုံးသားကို အားနည်းစေမယ်ဆိုတာကို နားမလည်တဲ့ယောက်ျားတစ်ယောက်…

မကောင်းတတ်လို့ ဆိုတဲ့ ဆင်ခြေနဲ့ အခြားမိန်းကလေးဆိုတဲ့ တစ်ယောက်က ဖုန်းခေါ်တိုင်း ထထွက်သွားတာ….

ရိုးရိုးသားသားတွေပါလို့ပြောပြီး ဆန်းဆန်းပြားပြားတွေ လုပ်ပြနေတာ…

လူမှုရေးအရ၊ အားနာလို့ စတဲ့ ဆင်ခြေပေါင်းများစွာနဲ့ အခြားမိန်းကလေးအနားကို ရောက်ရောက်သွားတယ်ဆိုရင် မင်းလည်း သူ့အနားကနေ အားနာနာနဲ့သာ ထွက်လာခဲ့လိုက်ပါ။

မင်းကိုချစ်တဲ့သူဆိုတာလေ အခြားတစ်ယောက်စိတ်ထိခိုက်မှာ စိုးရိမ်ပြီး မင်းခံစားချက်တွေကို ထည့်မတွက်တဲ့သူ လုံးဝမဟုတ်ဘူးဆိုတာ မှတ်ထားပါနော်။