တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်းကြိုက်တာ ကျွန်မအပြစ်လား။

blank

ကျွန်မက အသက် ၂၆ နှစ်ပါ။ လက်ရှိရည်းစားနဲ့ဆို ကျွန်မ ရည်းစား ၃ ယောက်ထားခဲ့ဖူးပါတယ်။ ပြော ချင်တာက လက်ရှိရည်းစားနဲ့က အဆင်ပြေပါတယ်။ အဆင်မပြေတာက သူ့သူငယ်ချင်းတွေ၊ သူ့ဆွေမျိုးအသိုင်း အဝိုင်းတွေရယ်ပါ။ ကျွန်မကရည်းစားများတယ်ဆိုတဲ့စကားနဲ့ ကျွန်မတို့နှစ်ယောက်ကြားထဲကို ဝင်ဖျက်ချင်နေ ကြပါတယ်။ တကယ်တမ်းက ကျွန်မကောင်လေးကလည်း ကျွန်မရှေ့မှာ ၂ ယောက်ပြတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူကယောက်ျားလေးဆိုတော့ ဘာမှမဖြစ်ဘူးဆိုပြီး ကျွန်မကိုမှ စိတ်ကသိကအောက်ဖြစ်အောင် လုပ်နေကြပါ တယ်။ တကယ်က ကျွန်မအရင်ရည်းစားတွေက လုံးဝမကောင်းပါဘူး။ ပထမရည်းစားက ဆယ်ကျော်သက် အရွယ်ကပါ။ ရည်းစားဘဝရောက်မှ ဆေးစွဲနေတာသိလို့ ဖြတ်ခဲ့တာပါ။ ဒုတိယရည်းစားကတော့ ကျွန်မရှိလျက် နဲ့တောင် နောက်ထပ်အပျော်ရည်းစားတွေ ထားပါတယ်။ နှစ်ယောက်သုံးယောက်ပြိုင်တွဲပါတယ်။ အဲ့ဒီလို လူ တွေကို ကျွန်မက ကြိတ်မှိတ်သည်းခံအောင့်တွဲခဲ့ရမှာလား။ ရည်းစားမများချင်ရုံသက်သက်နဲ့ သူတို့ကိုပဲ ယူခဲ့ ရမှာလား။ အခုပြောနေကြတဲ့သူတွေရဲ့ သမီးတွေ၊ တူမတွေဆိုရင်ကော အဲ့ဒီလိုလူတွေနဲ့ ယူစေချင်ကြမှာလား။ တော်တော် အသည်းပေါက်မိလို့ပါ။ တစ်ခါတလေ ကျွန်မတို့ မြန်မာပတ်ဝန်းကျင်က မိန်းကလေးနဲ့ ယောက်ျား လေးတွေအပေါ် တော်တော်ခွဲခြားဆက်ဆံတယ်လို့ ခံစားရတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အားလုံးပြောပြထားလို့ လက်ရှိချစ်သူကလည်း အကုန်သိပါတယ်။ ဘာမှလည်း မပြောပါဘူး။ ပြောရင် လည်း ကျွန်မ သူ့ကိုမယူပါဘူး။ သူလည်းရည်းစားတွေရှိခဲ့တယ်။ အဆင်မပြေလို့ ပြတ်ခဲ့တယ်။ ကျွန်မအ လှည့်မှ လာပြောရင် သဘောထားသေးတာမို့ ဒီလိုလူကိုလည်း ကျွန်မယူဖို့ ဆုံးဖြတ်မှာမဟုတ်ပါဘူး။ အခုက ဘေးလူ တွေက ဆိုးနေတာပါ။ သူတို့တွေက တစ်ခုခုဆိုရင် ကျွန်မရည်းစားနှစ်ယောက်ပြတ်ခဲ့တာကိုပဲ ကျွန်မက မခေတဲ့ မိန်းမတစ်ယောက်လို၊ ယူပြီးရင်လည်း ကျွန်မဘက်ကပဲ ကိုယ့်အားနည်းချက်နဲ့အလျှော့ပေးရမလိုတွေ စကား လမ်းခင်းနေကြပါတယ်။ အမျိုးတွေဆိုတော့ ယူပြီးရင်လည်း သူတို့နဲ့ ကင်းကွာလို့ရမှာမဟုတ်လို စဉ်းစားနေတာပါ။

လက်ရှိချစ်သူကို ကျွန်မချစ်ပါတယ်။ သူကလည်း ကျွန်မအပေါ် သိပ်ကောင်းပါတယ်။ ယူဖို့အတွက် လည်း အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မအချိန်ထပ်ယူသင့်သေးလား။ ယူပြီးရင် အဆင်ပြေနိုင်ပါ့မလား။ ချစ်သူ ပြတ်ခဲ့တာ ကျွန်မအပြစ်လား။ အကြောင်းကြောင်းကြောင့်ရည်းစားများခဲ့ရတာ ကိစ္စမရှိပေမဲ့ အကြောင်း ကြောင်းကြောင့် အိမ်ထောင်ဆက်တော့ မများချင်ပါဘူး။ အဆင်မပြေနိုင်ဘူးထင်ရင် ဘယ်လောက်ချစ်ချစ် ကျွန်မ မယူတော့ဘဲ နောက်ဆုတ်လိုက်ရင် ကောင်းမလားလို့။
စိတ်ရှုပ်လာလို့ပါ။ ဘာလုပ်ရမလဲ ဂန္ထဝင်ရေ။

စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို လိပ် မူပြီး ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။