ချစ်တဲ့သူနဲ့ဝေးနေတဲ့အခါ….။

blank

ချစ်တဲ့သူနဲ့ဝေးနေတဲ့အခါ သတိရပြီး ဝမ်းနည်းပူဆွေးနေခဲ့ရင် သူလည်း စိတ်မကောင်းဖြစ်ရမယ်။ ကိုယ်လည်းဝမ်းနည်းပူဆွေးရမယ်။ အခြေအနေကြောင့်၊ ကံကြမ္မာကြောင့် ရည်မှန်းချက်တွေကြောင့် ချစ်တဲ့သူနဲ့အဝေးကိုရောက်နေတဲ့အခါမှာ…..။

ဖုန်းပြောတဲ့အခါ သူ့ကိုအားပေးပါ။ သူ့ကိုသတိရလို့ ထွန်းညှိဖြစ်တဲ့ ဆီမီးတွေအကြောင်း၊ သပ္ပာယ်ဖြစ်တဲ့ရေချမ်းလေးတွေအကြောင်းပြောပြပါ။ သူအေးချမ်းအဆင်ပြေနေစေဖို့ အမြဲတောင်းဆုခြွေပါ။

သူ့ကိုသတိရတဲ့အခါ သူကြိုက်တဲ့ သီချင်းလေးကို နားထောင်ပါ။ သူသင်ယူနေတဲ့ ဘာသာစကားကို လေ့လာထားပါ။ သူနှစ်သက်တယ်ဆိုတဲ့ အရာလေးတွေကို ဂဃနဏသိအောင် လေ့လာထားပါ။ ပြန်တွေ့ကြတယ်အခါ အခုထက်သာလွန်တဲ့နေရာကို ရောက်နေအောင် ကြိုးစားထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ချစ်တဲ့သူက အဝေးကိုရောက်နေတဲ့အခါ သူ့ရဲ့မိဘတွေကို ကိုယ်စားဂရုစိုက်ပေးပါ။ သူစိုက်ခဲ့တဲ့ ပန်းလေးတွေကို ရေလောင်းပေးပါ။ သူချစ်တဲ့တိရိစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပေးပြီး သူ့ကိုယ်စား နွေးထွေးမှုပေးပါ။

စာချစ်သူရေ…။

အလွမ်းတွေဆိုတာ ချစ်ခြင်းတွေအတွက် လိုအပ်တဲ့အရာဖြစ်တာကြောင့် တစ်ခါတလေချစ်သူနဲ့ဝေးနေတဲ့အချိန်လေးကို တန်ဖိုးထားပါနော်။ ချစ်တဲ့သူနဲ့ဝေးနေတဲ့အခါ “ပြုံးပါ” သင့်ချစ်သူက သင့်အပြုံးတွေကို နှစ်သက်တယ်လေ။