သူ… ကျွန်မကိုကြိုက်နေတာလား။ ဒါမှမဟုတ် ကျွန်မက သူ့ကိုကြိုက်နေတာလား။

blank

ရင်ဖွင့်ချင်တာလေးတစ်ခုရှိလို့ပါ ဂန္ထဝင်ရေ…

ကျွန်မတို့နှစ်ယောက်က သူငယ်ချင်းအုပ်စုထဲမှာ နှစ်ယောက်တည်းကွက်ပြီးကျန်နေတဲ့ FA တွေပါ။ သူ ငယ်ချင်းတွေကလည်း ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ဆိုတဲ့ သဘောနဲ့ ကျွန်မတို့နှစ်ယောက်ကို ဝိုင်းလှော်ကြ ပါတယ်။ နှစ်ယောက်လုံးက အသက်လည်း သုံးဆယ်စွန်းစွန်း၊ ရည်းစားမထားဖူးသေးတာချင်းလည်းတူ၊ ငယ် သူငယ်ချင်းတွေမို့ အကြောင်းသိလည်းဖြစ်၊ နှစ်ယောက်လုံးဘွဲ့ရပညာတတ်၊ ကိုယ်ပိုင်ဝင်ငွေရှိသူချင်းလည်း ဖြစ်တော့ နှစ်ဖက်မိသားစုကအစ သဘောတူနေကြပါတယ်။

သူကလည်း ကျွန်မနဲ့တွဲစရင် ဘယ်တော့မှ စိတ် မဆိုးပါဘူး။ ရယ်ပဲရယ်နေတာပါပဲ။ ကျွန်မအပေါ်လည်း ပုံမှန်ဂရုစိုက်ပါတယ်။ ရှိုးတိုးရှန့်တန့်လည်းမဖြစ်ပါဘူး။ နဂိုကတည်းက ကျွန်မထက် စကားနည်းတော့ ဘာမှမပြောပါဘူး။ (ကျွန်မတို့အုပ်စုမဟုတ်တဲ့) သူ့လုပ်ငန်းခွင်က တခြားအပေါင်းအသင်းတွေက သူ့ပို့စ်အောက်မှာ ကျွန်မနာမည်မတပ်ဘဲ ကျွန်မနဲ့တွဲစတာတွေဖတ်ရတော့ သူ့ သူငယ်ချင်းတွေက ကျွန်မအကြောင်း ဘယ်လိုသိတာလဲလို့ တွေးမိပါတယ်။ သူပြောပြထားတာလား။ အဲ့ဒီ မန့် တွေဆိုရင်လည်း သူက လုံးဝမဖျက်ပါဘူး။ စတစ်ကာတို့ဘာတို့ပဲ reply ပြန်ပါတယ်။ သူမပြောပြဘဲနဲ့ အဲ့ဒီ လူ တွေက ကျွန်မတို့အကြောင်း မသိနိုင်ပါဘူး။ သူက ဘာသဘောနဲ့ ကျွန်မအကြောင်းကို သူ့လုပ်ငန်းခွင်မှာ ပြောပြ ရတာလဲ။ ကျွန်မကိုများလှောင်နေဟားနေကြတာလား။ ဒါမှမဟုတ် ဘာလို့အဲ့ဒီလိုပြောပြရတာလဲ။ ဟားနေတာ ဆိုရင်တော့ ကျွန်မစိတ်ဆိုးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူ့ကိုဖွင့်မေးရင်လည်း သူ့ပို့စ်အောက်မှ မန့်တစ်ခုချင်းစီကအစ ကျွန်မလိုက် ဖတ်နေတယ်ဆိုတာ သိသွားမှာစိုးလို့ မမေးချင်ပါဘူး။ လက်ရှိကျွန်မကိုကြိုက်နေတဲ့သူတွေလည်း ရှိတော့ သူတို့ထဲကတစ်ယောက်ယောက်ကို ရွေးပြီးတော့မှပဲ သူနဲ့တွဲစခံနေရတဲ့အဖြစ်ကို ရပ်လိုက်ရမလား။ နဂိုအတိုင်းပဲ ဆက်နေနေရမလား။ သူကကော ကျွန်မကိုကြိုက်နေတာလား။ ဒါမှမဟုတ် ကျွန်မကပဲ သူ့ကို ကြိုက်နေမိတာ လား။ စိတ်ရှုပ်လာလို့ပါ ဂန္ထဝင်ရေ။

စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။