မိန်းကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုနောက်ကွယ်မှာ ယောက်ျားတစ်ယောက်ရှိဖို့ အမြဲလိုလို့လား။

blank

မိန်းကလေးတစ်ယောက်ပုံလှလှလေးတွေ တင်ဖြစ်တယ်ဆိုတိုင်း “ဈေးဗန်း” လို့ ထင်ပြီး “ဝါကျွတ်ပြီနော်” တို့ “ဘယ်တော့စားရမှာလဲ” တို့ မေးတတ်တဲ့အကျင့်ကို ဖျောက်ပါ။

မိန်းကလေးတစ်ယောက် လှလှလေးဝတ်ပြီး၊ သွားလာလှုပ်ရှားနေတာဟာ ” ဖူးစာရှင်” ရှာဖို့ပဲ မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ပျော်ရွှင်အောင်ထားဖို့ ယောက်ျားတစ်ယောက်ကိုအမြဲတမ်းလိုအပ်နေတာမဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုရဲ့နောက်ကွယ်မှာ သူကျော်လွှားခဲ့တဲ့အခက်အခဲတွေရှိတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဘဝအတွေ့အကြုံတွေရှိတယ်။

လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ကြိုးစားခဲ့တဲ့အားထုတ်မှုတွေရှိတယ်။

သူမကို ချစ်ခင်မြတ်နိုးတဲ့မိသားစု၊ အားပေးတတ်တဲ့မိသားစုအပြင်….

သူမကိုယ်သူမ ယုံကြည်ပြီး လျှောက်လှမ်းခဲ့တဲ့နေ့ရက်တွေရှိတယ် မဟုတ်လား။

ဒါ့ကြောင့် မိန်းကလေးတစ်ယောက်ပျော်ရွှင်နေတဲ့အခါ၊ လှပနေတဲ့အခါတိုင်း ပျော်ရွှင်မှုရဲ့နောက်ကွယ်က လူသားတစ်ယောက်ကိုပဲ လိုက်ရှာမနေပါနဲ့။ အဲ့ဒါက သူမကိုယ်တိုင်ပဲ ဖြစ်နေလို့ပါ။