အချစ်… နဲ့ ခေတ်…

blank

အခုခေတ်ရဲ့အချစ်ရေးတွေဟာ Friend Add တာနဲ့ စတယ်။

Like ပေးတာနဲ့ သတိထားမိပြီး။

Love Reaction တွေ Comment တွေမှာ အဆင်ပြေသွားကြတယ်။

နောက်တော့ တစ်ယောက်နဲ့တစ်ယောက် Messenger မှာ Video Call ခေါ် တစ်နေကုန် Chat ကြရင်း RS ချိတ်သွားကြတော့တယ်။

အချစ်ကို သက်သေပြဖို့ Surprise တွေ ပေးရ၊ Tag တွဲပြီး ချစ်ကြောင်းတွေ ပြသရတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

Location Share ခိုင်းရာကနေ ပြဿနာတွေတက်၊ ဆန့်ကျင်ဘက်လိင်က ပေးတဲ့ Love Reaction ကနေ အထင်တွေလွဲပြီး နားလည်မှုတွေလွဲကြတယ်။ အင်တာနက်လိုင်းတွေ မြန်ဆန်လာပြီး တွေးတောမှုတွေနှေးလာတဲ့အခါ၊ Wifi တွေပေါပြီး အစစ်အမှန်တွေ ရှားလာတဲ့အခါ လိုင်းပေါ်မှာ စခဲ့တဲ့ အချစ်ရေးအများစုဟာ Unfriend နဲ့ Block ဖြစ်ပြီး ပြီးဆုံးသွားပါတော့တယ်။

အချစ်ဆိုတာ အင်တာနက်လိုင်းအားတွေ၊ ဖုန်းလိုင်းတွေနဲ့ပဲ သက်ဆိုင်နေတာမဟုတ်ပါဘူးနော်။

တစ်ယောက်ယောက်ကိုချစ်တယ်ဆိုရင် အကြည့်ချင်းဆုံဖို့၊ နှလုံးသားကို နားလည်ပေးဖို့လည်း အချိန်ပေးပါနော်။