အသက်ကြီးတိုင်းမချစ်ရတော့ဘူး။ အချစ်မှာ အသက်ကြီးသွားပြီဆိုတာ ရှိလား။

blank

ကျွန်မက ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်ပါ။ ရုပ်ရည်ရှိပေမဲ့ ငယ်ငယ်က မိသားစုမပြေ လည်ခဲ့လို့ သမီးအကြီးဆုံးပီပီ မိဘနဲ့ အောက်က မောင်နှမ ၅ ယောက်ကိုငဲ့ပြီး အလုပ်တွေပဲတောက်လျှောက် လုပ်ခဲ့ရပါတယ်။ အခုတော့ အငယ်တွေတာဝန်လည်း မရှိတော့ဘူး။ သင့်တင့်တဲ့အလုပ်အကိုင်နဲ့ ကျွန်မ မိဘတွေအတွက်လည်း ပူပန်စရာမဖြစ်အောင်ထားနိုင်ပါပြီ။ ပြောရရင် ငယ်ငယ်က ကိုယ့်ဘဝနဲ့ကိုယ်မို့ အချစ်ကို ဦးစားမပေးနိုင်ခဲ့သမျှ အခုတော့ ကျွန်မလည်း အိမ်ထောင်ရေးကို စဉ်းစားချင်ပါတယ်။ ကျွန်မကို ကြိုက်တဲ့သူ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်မနဲ့သိသမျှလူတွေအားလုံး(မိဘ၊ မောင်နှမ၊ အမျိုးအဆွေ၊ သူငယ်ချင်းတွေ) ကို ဒီအကြောင်းလေးများစကားစမိရင် “ နင့်ဘဝက အကောင်းဆုံးပဲ။ အိမ်ထောင်ပြုမနေနဲ့တော့။ အသက်ကြီးမှ ဒုက္ခမခံနဲ့တော့”၊ “ ဒီလိုလေးပဲ နေသွားတာကောင်းပါတယ်။ အပူမရှာနဲ့တော့ ”၊ “ ဒီအရွယ်မှ ကြိုက်ရင် ကလေး ယူတာနဲ့ တန်းပြီး အိုသွားတော့မှာ။ မိန်းမတွေက ယောက်ျားတွေထက် ပိုအရွယ်ကျလွယ်တယ်။ ငယ်တဲ့သူယူ တော့လည်း ပစ်သွားမှာ စိုးရတယ်”၊ “ ဒီအရွယ်ကိုကြိုက်တာဆိုလို့ ကိုယ့်ဝင်ငွေကို ချူချင်တဲ့ ကောင်လေးငယ် ငယ်လေးတွေရယ်၊ အချောင်ရချင်တဲ့ တစ်ခုလပ်၊ မုဆိုးဖိုတွေရယ်က များများ” ဆိုတဲ့ အဆိုးစကားတွေချည်းပဲ ကြားရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျွန်မက အခုအချိန်အထိ လှပါတယ်။ ကြိုက်တဲ့သူတွေထဲမှာလည်း ကျွန်မထက် ကြီးသူကော၊ ရွယ်တူကော၊ ငယ်တဲ့သူတွေပါ ရှိပါတယ်။ သူတို့ပြောတာနဲ့တင် ကျွန်မလည်း ကြောက်နေလို့ပါ။ ဒါပေမဲ့ အ သက်အရွယ်ကြီးလာလို့ ဆေးပေးမီးယူမရှိမှာ၊ အဖော်မဲ့မှာ၊ အားကိုးရာမရှိမှာလည်း စိတ်ပူပါတယ်။ “ ဒီအရွယ် ရောက်မှ ရည်း စားတွေထားမနေပါနဲ့တော့။ ရှက်စရာကြီး” လို့ ပြောတဲ့သူကပြောနေတော့ ကျွန်မလည်း ဒွိဟ ဖြစ်နေပါတယ်။ ဟုတ်လား။ ကျွန်မတို့အရွယ်က တအားကြီးသွားပြီလား။ ရည်းစားမထားသင့်တော့ဘူးလား။ ကျွန်မက ယူမယ်ဆိုရင်တောင် အသက်ကြီးပြီဆိုပြီး ချက်ချင်းရည်းစားထား၊ ကောက်ယူဆိုတာမျိုးမလုပ်ချင် ပါဘူး။ ရည်းစားဘဝနဲ့တော့ သင့်တော်မတော်ရွေးချယ်ချင်သေးတာပေါ့။
ဘာလုပ်ရမလဲ ဂန္ထဝင်ရေ။

စိတ်တွေရှုပ်နေလို့ပါ။ လူတစ်ယောက်မှာ ကိုယ့်ဘဝအရေးအတွက် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး လားဟင်။ ဘေးကလူတွေကို ဂရုစိုက်နေရမှာလား။ ဂရုစိုက်မှ မှန်မှာလား။ ပြောစရာလူမရှိလို့ ဂန္ထဝင်ကို ရင်ဖွင့် လိုက်တာပါ။ ကျေးဇူးပါ။