သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးတစ်ခုတည်မြဲဖို့ ကိုယ့်ဘက်ကပဲ အမြဲစခေါ်နေရလား။

blank

သူငယ်ချင်းတော့ သူငယ်ချင်းပါပဲ။ ဒါပေမဲ့ သူ့ကိစ္စရှိမှ ကိုယ့်ဆီလာတယ်။ သူအကူအညီလိုမှ ကိုယ့်ကို သတိရတယ်။ သူအခက်အခဲရှိမှ ကိုယ်နဲ့မျှဝေဖို့ သတိရတယ်။ သူအဆင်ပြေနေရင်တော့ တခြားသူတွေနဲ့ ပျော် နေတာပေါ့။

ခင်ချင်လို့ခင်ခဲ့ကြတာဆိုတော့ သူငယ်ချင်းဖြစ်ဖို့ ကိုယ့်ဘက်ကပေးသလောက် သူ့ဘက်က ပြန်ရရမယ် လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝမှာ ကိုယ်လည်း အဆင်မပြေတဲ့အချိန်ရှိတယ်။ ကိုယ်လည်း ရင်ဖွင့်ဖော်လို အပ်ချိန်ရှိတယ်။ ကိုယ်ငိုကြွေးဖို့ ပခုံးတစ်ဖက်မှီချင်တဲ့အချိန်ရှိတယ်။ အဲ့ဒီအရာတွေ ကိုယ်ပေးလိုက်တဲ့သူဆီက မရတဲ့အခါ ကိုယ့်ကို ဘယ်သူက ပြန်လာပေးမှာလဲ။ သူ့အတွက် ကိုယ်က သူငယ်ချင်းကောင်းဖြစ်တယ်ဆိုရင် ကိုယ့်ဘဝအတွက်ကော သူငယ်ချင်းကောင်းမလိုအပ်တော့ဘူးလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အရာအားလုံးဟာ ပေးသလောက်ပြန်ရရမယ်ဆိုတဲ့စည်းမျဉ်းနဲ့တည်ဆောက်ထားတာမဟုတ်ပေမဲ့ ပေး သလောက်ပြန်မရတာတစ်ဖက်သတ်ဖြစ်လာတာကြာရင်တော့ အဲ့ဒီဆက်ဆံရေးတစ်ခုက တကယ်သူငယ်ချင်း ဆက်ဆံရေး ဟုတ်ရဲ့လားဆိုတာ ကိုယ့်ဘက်ကပဲ ဆန်းစစ်ကြည့်ရတော့မှာပါ။ ဘဝဆိုတာ တိုတိုလေးမဟုတ် လား။

သင်ဆိုရင်ကော အဲ့ဒီလိုဆက်ဆံရေးမျိုးကြုံလာတဲ့အခါ ဘယ်လိုဆုံးဖြတ်မလဲ။