ဒီအခြေအနေတွေကိုရောက်ပြီဆိုမှ လက်ထပ်ကြပါ…

blank

၁။ စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့အချိန်မှာတောင်မှ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်ကတန်ဖိုးထားပြီး လေးလေးစားစားဆက်ဆံတတ်ပြီဆိုမှ

၂။ အရှိအတိုင်း ပွင့်လင်းစွာပြောဆိုတတ်ပြီး မျှမျှတတငြင်းခုံတတ်ပြီဆိုမှ

၃။ လိုချင်နေတဲ့ပျော်ရွှင်မှုကို ချစ်သူကလွဲပြီး ဘယ်သူ့ဆီမှာမှ မရှာတော့ဘူးဆိုမှ

၎။ ချစ်သူရဲ့ အားနည်းချက်၊ အားသာချက်၊ ချို့ယွင်းချက်တွေကို အလုံးစုံလက်ခံနိုင်ပြီဆိုမှ

၅။ တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်က ဝေမျှကူညီပြီး ဖြေရှင်းပေးနိုင်ပြီဆိုမှ

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ တစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ၊ ဖြစ်ချင်နေတာတွေ၊ ရင်တွင်းစကားတွေကို တစ်ယောက်က အလိုလိုသိနိုင်ပြီဆိုမှ

၇။ တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားရုံသာမက ဘဝတန်ဖိုးပါ အပြန်အလှန်မြှင့်တင်ပေးနိုင်ပြီဆိုမှ

၈။ ချစ်သူရဲ့ မိသားစုဝင်တွေနဲ့ ကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီဆိုမှ

၉။ နှစ်ယောက်အတူပေါင်းပြီး မိသားစုဘဝလေးတည်ထောက်ရမှာဖြစ်တာကြောင့် နှစ်ယောက်လုံး စိတ်တူကိုယ်တူ တက်ညီလက်ညီကြိုးစားနိုင်ပြီဆိုမှ

၁ဝ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပေါင်းကူးလွှမ်းခြုံနိုင်ပြီဆိုမှ အိမ်ထောင်တစ်ခုဖို့ စဉ်းစားကြပါလို့ အကြံပေးပါရစေရှင်။

အိမ်ထောင်ပြုရတာက လွယ်ပါတယ်။ ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ခက်ခဲပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ စာမေးပွဲဖြေရတာနဲ့ တူပါတယ်။ စာမေးပွဲအတွက် ကြိုတင်လေ့ကျင့်မှုမရှိရင် စာမေးပွဲအောင်စာရင်းမကောင်းသလို အိမ်ထောင်တစ်ခုအတွက် ကြိုတင်ပြင်ဆင်မထားတဲ့အခါမှာ အနာဂတ်အကျိုးဆက်တွေလည်း ကောင်းမလာနိုင်ပါဘူး။ ဒီတော့ အိမ်ထောင်တစ်ခုတည်ထောင်ဖို့ မဆုံးဖြတ်ခင် ဒီအခြေအနေလေးတွေ ရှိပြီလားဆိုတာကို ချစ်သူနဲ့အတူ စဉ်းစားတိုင်ပင်ကြည့်ပါနော်။

သင့်မှာ ဒီအခြေအနေလေးတွေထဲက ဘယ်နှချက်ရှိနေပြီလဲ။ Comment Box မှာ ချစ်သူကို mention ခေါ်ရင်း ဖြေပေးခဲ့ပါဦး။