အဲ့ဒီလူကိုယူလိုက်ရင် ယောက်ျားကောင်းတစ်ယောက်ဖြစ်လာပါ့မလား။

blank

ကျွန်မတို့ချစ်သူသက်တမ်း ၅ နှစ်ရှိပါပြီ။

ပြောချင်တာက သည်းသည်းလှုပ်ဂရုစိုက်ကြတဲ့ကာလကို ကျော်လွန်လာပြီဆိုတာ နားလည်ပေမဲ့ တ ဖြည်းဖြည်း အေးစက်လာတဲ့အခြေအနေကိုတော့ မကြိုက်တော့လို့ပါ ဂန္ထဝင်ရေ။
အရင်ကဆို ကျွန်မအချစ်ကိုရဖို့ ဘာမဆိုလုပ်ပါမယ်ဆိုတဲ့သူက အခု ကျွန်မနေမကောင်းရင်တောင် ဘာစားပြီးပြီလဲ၊ ဆေးသောက်ပြီးပြီလား ဆိုတာတွေမေးဖို့ ဝေလာဝေး။

သက်သာပြီလားဆိုတဲ့စကားတောင် ထွက်မလာတော့ပါဘူး။ ပြောမိရင်လည်း “ညည်းက ကလေးလား။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လေ” လို့ ပြန်ပြော တယ်။ လိုင်းပေါ်ရှိနေ ရင်လည်း ကျွန်မနဲ့စကားပြောမယ့်အစား သူ့ဘာသာဂိမ်းဆော့နေပါ တယ်။ ကျွန်မက mention ခေါ်ရင်လည်း လာချင်မှလာပါတယ်။ အလုပ်ပိတ်ရက်တွေ့ကြမယ်ဆိုရင်လည်း သူ အဆင်ပြေတဲ့ရက် ကို ကျွန်မက လိုက်ချိန်းပေးရပါတယ်။ ကျွန်မအဆင်ပြေတဲ့ရက်ဆို သူ့ဘက်က ညှိပေးနိုင်ရင်တောင် ညှိမပေးပါ ဘူး။ စိတ်ကောက်လည်း မချော့ပါဘူး။ သူ့ကိုပြောလိုက်ရင်လည်း “ တွဲလာတာ ဒီလောက် ကြာနေပြီဟာကို။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ညည်းက ရိုချင်နေသေးတာလား” လို့တောင် ကျွန်မကို ပြန်အပြစ်တင်ချင်ပါသေးတယ်။ ယူမယ့်အစီအစဉ်လည်း ရှိပါတယ်။ နှစ်ဖက်မိသားစုလည်း သိပါတယ်။ ဒါပေမဲ့… အိမ်ထောင်မပြုရသေးဘဲနဲ့တောင် သူ့ဘက်က အဲ့ဒီလို ကြီးဆိုတော့ ကျွန်မ သူ့ကို ယူရမှာ ကြောက်နေပါတယ်။ တစ်ခါတလေ ကျွန်မကိုယ်ကျွန်မ သူနဲ့ရည်းစား ထားထားတယ်ဆိုတာတောင် မေ့နေပါတယ်။ ပြောချင်တာက နှစ်ချီတွဲလာတဲ့အတွဲတိုင်း ကျွန်မတို့လိုပဲလား။ အဲ့ဒါဆို ယူပြီးရင်ကော စိတ်ချမ်းသာရပါ့မလား။ ယူပြီးမှ ကျွန်မကို ပစ်ထားရင် ဘယ်လိုလုပ်မလဲနော်။ ယောက်ျား တွေကပဲ အဲ့ဒီလိုလား။ ကျွန်မကပဲ အတွေးခေါင်နေတာလား။ ပိုက်ဆံရှာ တတ်ရုံ၊ မဖောက်ပြန်ရုံနဲ့ဆို လင်ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီလား။

အနားမှာပြောစရာလူမရှိလို့ ဂန္ထဝင်ကို ရင်ဖွင့်တာပါ။ ကျွန်မဘာဆက်လုပ်သင့်လဲဟင်။