ကိုဗစ်ကတစ်မျိုး၊ ချစ်သူကတစ်မျိုးနဲ့စိတ်ညစ်နေရပါတယ်။

blank

ဂန္ထဝင်ရေ…

ညီမပြဿနာကတစ်မျိုးပါ။ အခုကိုဗစ်ကာလမှာ ညီမက အလုပ်ဆက်လုပ်နေပါတယ်။ ဒီအချိန်မျိုးမှာ အလုပ် သွားလိုက်၊ အဆောင်ပြန်လိုက်နဲ့ဆို ကိုယ့်အတွက် ရောဂါကူးမှာစိုးရလို့ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ရုံးမှာပဲနေလိုက်ပါတယ်။ နေတာကတော့ မိန်းကလေးတွေပဲ နေတာပါ။ ယောက်ျားလေးတွေကတော့ အ လုပ်ချိန်ပြီးရင် သူတို့အိမ်သူတို့ပြန်ကြပါတယ်။ အဲ့ဒါကို ညီမချစ်သူက မကြိုက်ပါဘူး။

ရောဂါဖြစ်နေတဲ့အချိန်မှာ အလုပ်လုပ်နေတာကိုလည်း မကြိုက်ဘူး။ အလုပ်ထဲက တခြားလူတွေနဲ့လည်း ညီမကို စိတ်မချပါဘူး။ သဝန်တို ပါတယ်။ အဲ့ဒါ အလုပ်မပြောင်းရင် ညီမကိုကော ညီမရဲ့အလုပ်ရှင်တွေကိုပါ ရန်ရှာမယ်လို့ ပြောပါတယ်။ သူ့ကို ညှိရတာအဆင်မပြေလို့ လမ်းခွဲမယ်ပြောတော့လည်း လမ်းမခွဲပေးပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကိုဗစ်ကတစ်မျိုး၊ လူတကာ အလုပ် လက်မဲ့ဖြစ်နေချိန်မှာ ရှိတဲ့အလုပ်လေး တန်ဖိုးထားရမယ့်အစား နားမလည်ပေးတဲ့ချစ်သူကတစ်မျိုး၊ သူပြောတဲ့ အတိုင်း ညီမကြောင့် ညီမအလုပ်ရှင်ပါ ထိခိုက်မှာကို စိုးရိမ်ရတာကတစ်မျိုးနဲ့ လူလည်း စိတ်ညစ်နေပါပြီ။ ဘာ ဆက်လုပ်ရမလဲမသိတော့လို့ ဒီ “ မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို ရင်ဖွင့်ကြည့်တာပါ။

ဒီစာလေးဖတ်မိရင် ညီမကို အဆင်ပြေမယ့်အကြံဉာဏ်လေးတွေရှိရင် ပေးသွားကြပါဦး။