ကလေးတွေကို မအော်ပါနဲ့။

blank

ဖေဖေ၊ မေမေတို့ရေ…

ကလေးတွေကို အိပ်ရာဝင်ခါနီးတိုင်း မအော်ပါနဲ့။ စိတ်လုံခြုံနွေးထွေးစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့သာ ကူညီပေးလိုက်ပါ။

မနက်အိပ်ရာနိုးခါစနဲ့ ကျောင်းသွားခါနီးအချိန်တွေမှာလည်း မအော်ပါနဲ့။ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူဖြတ်သန်းနိုင်စေဖို့ သူတို့လေးတွေ ကျောင်းမသွားခင် ပွေ့ဖက်နှုတ်ဆက်လိုက်ပါ။

သင့်ကလေးတွေနဲ့စကားပြောတဲ့အခါ တခြားအကြောင်းအရာတွေရဲ့လွှမ်းမိုးမှုအလိုက် ကလေးတွေကို စိတ်လိုက်မာန်ပါပြောဆိုမိတာမျိုးမဖြစ်အောင် သတိထားဆင်ခြင်ပါ။ သူတို့ခေါင်းထဲ အမြဲအမှတ်ရနေမယ့် သင့်အသံဟာ နွေးထွေးကြင်နာမှုတွေလွှမ်းခြုံထားတဲ့အသံလေးပဲဖြစ်ပါစေ။ အမြဲပြစ်တင်ဆူပူနေတဲ့အသံမျိုး မဖြစ်ပါစေနဲ့။ သင့်အသံဟာ သူတို့ကိုယ်တွင်းအမြဲစွဲမြဲနေမယ့်အသံဖြစ်လာမှာမို့ အမြဲသတိရှိပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အရွယ်ရောက်လာတဲ့တစ်နေ့မှာ ကလေး ဘဝရဲ့နာကျင်မှုတွေကို ကုစားရမယ့်သူတွေအဖြစ် သင့်ကလေးတွေ ကို မပြုစုမပျိုးထောင်လိုက်ပါနဲ့။

သူတို့ကို အချစ်ဆိုတာကို ပြသပါ။ ရဲရင့်မှု၊ ကြင်နာမှု၊ မျှော်လင့်ချက်၊ ဉာဏ်ပညာနဲ့ ယုံကြည်မှုတွေကို ပြသပါ။ ကလေးပြောတာကို ပိုနားထောင်ပေးပါ။ သင်နဲ့ပတ်သက်လာတိုင်း သူတို့စိတ်ထဲလုံခြုံမှုရှိပြီး အိမ်မှာ ပျော်တဲ့သူလေးတွေဖြစ်အောင် ပြုစုပျိုးထောင်လိုက်ပါနော်။
စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦး။