ဘဝရဲ့ကဏ္ဍတွေကို ခွဲခြားနားလည်တတ်ပါစေ သားရေ…

blank

သားရေ…

အရွယ်ရောက်လာရင် ပေါင်းသင်းဆက်ဆံရေးနယ်ပယ်နဲ့လည်း ကင်းကွာလို့ မရပါဘူး။ အလုပ်လုပ်ရင် အလုပ်ထဲက ပေါင်းသင်းဆက်ဆံရေးရှိမယ်။ ကျောင်းတက်ရင် ကျောင်းနေဖက်သူငယ်ချင်းပေါင်းသင်းဆက်ဆံ ရေးရှိမယ်။ အပြင်ပေါင်းသင်းဆက်ဆံရေးရှိမယ်။ အပေါင်းအသင်းပေါင်းတာ၊ အပေါင်းအသင်းများတာက ကိစ္စမ ရှိပေမဲ့ ကဏ္ဍတွေကို မရောထွေးမိအောင်သတိထားဖို့တော့ အရေးကြီးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အလုပ်လုပ်နေချိန်မှာ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ပါ။ အလုပ်နဲ့ပတ်သက်ပြီး မပြောသင့်တဲ့စကား တွေ၊ စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်တွေကို လိုက်နာပါ။ အလုပ်ထဲက ပြဿနာတွေကို ပြင်ပပေါင်းသင်းဆက်ဆံ ရေးတွေအထိ သယ်မသွားပါနဲ့။ ပြင်ပပေါင်းသင်းဆက်ဆံရေးပြဿနာတွေကိုလည်း အလုပ်ထဲကို သယ်မလာ ပါနဲ့။ ကဏ္ဍအားလုံးကို သူ့နေရာနဲ့သူ အကန့်ခွဲထားပါ။ သပ်သပ်စီဖြေရှင်းပါ။ ရှင်းအောင်ထားတဲ့အခါ ရေရှည်မှာ စိတ်ရှုပ်ထွေးစရာတွေကိုလည်း ကြိုတင်လျှော့ချထားပြီးသားဖြစ်စေမှာပါ။ ဒါ့အပြင် သူ့ကဏ္ဍနဲ့သူ အာရုံစိုက်တဲ့ အတွက် ကဏ္ဍအားလုံးမှာဟန်ချက်ညီပြီး တိုးတက်အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာမှာပါ သားရေ။

သားကော သူ့နေရာနဲ့သူ ကဏ္ဍလေးတွေခွဲခြားထားရဲ့လား။