သူလည်း မကြိုက်ဘူး။ သူများလာကြိုက်တော့လည်း လိုက်ဖျက်နေတဲ့ကောင်လေးကို ဘယ်လိုနားလည်ရမလဲ။

blank

သူနဲ့ကျွန်မက ငယ်ငယ်ကတည်းက သူငယ်ချင်းပါ။ ကျောင်းပြီးလို့ဘွဲ့တော့လည်း အတူတူပါပဲ။ တ လျှောက်လုံး အတူတူရှိနေခဲ့တဲ့အတွက် မှန်ရာကိုဝန်ခံရရင် ကျွန်မသူ့ကို သံယောဇဉ်ပိုမိပါတယ်။ ကျွန်မအပေါ် လည်း အစစအရာရာလုပ်ပေးကိုင်ပေးတဲ့အတွက်၊ စောင့်ရှောက်ကြင်နာတဲ့အတွက် တစ်နေ့မှာ သူကျွန်မကို ဖွင်ပြောလာလိမ့်မယ်လို့လည်း တိတ်တိတ်လေးမျှော်လင့်ဖူးပါတယ်။
ဒါပေမဲ့… ဘာအတားအဆီးကြီးကြီးမားမားရယ်မှလည်း မရှိဘဲ သူကျွန်မကို အခုထိဖွင့်မပြောပါဘူး။

ကျွန်မအနားမှာတော့ အမြဲရှိပါတယ်။ ကျွန်မဘာလိုလိုလည်း သူတတ်နိုင်တဲ့ အတိုင်းအတာအထိ ကူညီ ပေးတတ်ပါတယ်။ ကျွန်မတို့နှစ်ယောက်ကို လူတွေကတွဲစတိုင်းလည်း သူက ခပ်ပြုံးပြုံးပါပဲ။ ဒါကြောင့် ကျွန်မက သူ့ကို သူ့ကွယ်ရာမှာ မောင်ပြုံးလို့ နာမည်ပေးထားပါတယ်။ ခက်တာက မောင်ပြုံးက ပြုံးပဲပြုံးနေတာပါ။ ဖွင့် လည်း မပြောပါဘူး။ သူကျတော့ ဖွင့်မပြောဘဲ သူများလာကြိုက်တော့လည်း သူက သိသိသာသာကို လိုက်ဖျက် ပါတယ်။ ကျွန်မပြန်မကြိုက်အောင်လည်း တားပါတယ်။ ကျွန်မကို စိတ်ဝင်စားနေတဲ့သူတွေ ရှိပါတယ်။ အဲ့ဒီလူတွေထဲမှာ ကျွန်မရွေးချယ်မယ်ဆိုရင် ရွေးချယ်ရလောက်တဲ့ အရည်အချင်းရှိသူတွေလည်း ပါပါတယ်။ ကျွန်မက ဆွေမျိုးနည်းသလို မောင်နှမလည်းမရှိတဲ့ တစ်ဦးတည်းသောသမီးမို့ အိမ်ထောင်သေချာပေါက်ပြုမှာပါ။ အခုကျွန်မအသက် ၂၆ ဆိုတော့ သူ ကျွန်မကို မကြိုက်တာသေချာရင် ကျွန်မအတွက် သင့်တော်တဲ့သူရွေးချင်ပါ တယ်။ သံယောဇဉ်ကတော့ သူ့ကိုပဲ ပိုတာပါ။ ဒါပေမဲ့… သူက ဘာမှမပြောဘဲ ပြုံးပဲပြုံးနေတော့ စိတ်ဓာတ်ကျမိ ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သိချင်တာက သူကော ကျွန်မကို ကြိုက်လား။ မကြိုက်ရင်လည်း တခြားလူတွေလာကြိုက်တိုင်း ဘာလို့ လိုက်ဖျက်နေတာလဲ။ ကြိုက်တယ်ဆိုရင်လည်း ဖွင့်ပြောရမှာမဟုတ်ဘူးလား။ ကျွန်မ ဘာဆက်လုပ်သင့်လဲ။
စိတ်ရှုပ်လာလို့ ဂန္ထဝင်ကို ရင်ဖွင့်လိုက်တာပါ။ အကြံဉာဏ်လေးတွေရှိရင်လည်း ပေးကြပါဦးလို့။

စာချစ်သူမိန်းမသားများအနေနဲ့လည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “ မိန်းမသားတို့ရင်ဖွင့်သံ” ကဏ္ဍကို လိပ်မူပြီး မက်ဆေ့ခ်ျပေးပို့လို့ရပါတယ်။