မလိုသူတွေရဲ့ပြစ်တင်ဝေဖန်စကားတွေကြောင့် သားရဲ့ဘဝလမ်းကြောင်းတွေ အပျောက်မခံပါနဲ့။

blank

သားရေ…

ကြိုးစားနေသူတွေရဲ့ဘဝလမ်းခရီးမှာ အခက်ခဲဆုံးအရာဆိုတာ တစ်ခါတလေမှာ ဘေးလူတွေရဲ့ ပြစ်တင်ဝေဖန်စကားတွေ ဖြစ်နေတတ်ပါတယ်။

“ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး”

“သူများလုပ်သလိုမလုပ်ဘဲ အဆန်းထွင်ချင်တာ။ နောက်မှ နောင်တရမယ်”

“အောင်မြင်မှုဆိုတာ လွယ်တာမဟုတ်ဘူး။ ပင်ပန်းပါတယ်။ စောစောလက်လျှော့လိုက်ပါ”

သူများတွေက လွယ်လွယ်ပြောလိုက်ကြတာပေမဲ့ ကြိုးစားနေသူတစ်ယောက်အတွက်တော့ ဒါတွေက အားလျော့စရာ၊ ချက်ချင်းပဲလက်မြှောက်အရှုံးပေးချင်စရာဖြစ်ရပါတယ်။ လူအများစုအောင်မြင်မှုလမ်းကြောင်း အဆုံးထိမလျှောက်လှမ်းကြတော့ဘဲရပ်တန့်သွားရခြင်းရဲ့အကြောင်းရင်းဟာ လူတွေရဲ့ဝေဖန်သံတွေပါပဲ။ ဒါ ကြောင့် သားဘဝမှာ တစ်ခုခုကြိုးစားမယ်ဆိုရင် ဘယ်အခြေအနေနဲ့ကြုံကြုံဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ အဆုံးထိကြိုးစားကြည့်မယ်ဆိုတဲ့စိတ်ကို မွေးပါ။ ဝေဖန်သံတွေကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပါ။ ဒါဟာ အောင် မြင်သူတိုင်းမလွဲမသွေဖြတ်ကျော်ရမယ့် အခိုက်အတန့်တစ်ခုဆိုတာ အမြဲသတိရပါ။

သားလိုမကြိုးစားသူတွေရဲ့ ဝေဖန်စကားတွေကြောင့်တော့ သားဘဝလမ်းကြောင်းကို ဘယ်တော့မှ ပျောက်ပျက်မခံလိုက်ပါနဲ့နော်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။