အချစ်နဲ့မထိုက်တန်သူဆိုတာ မရှိပါဘူး

blank

စာချစ်သူတို့ရေ….

အချစ်ရေးတစ်ခု အဆုံးသတ်သွားတဲ့အခါ ဘယ်သူ့မှာပိုအပြစ်ရှိတယ်လို့ ထင်ပါသလဲ။ ကောင်လေးမှာလား။ ကောင်မလေးမှာလား။

တကယ်တော့ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ တကယ်တော့ အရာရာတိုင်းက အမြဲမရှိပါဘူးလေ။

ဒါပေမဲ့ ချစ်သူစုံတွဲအများစု လမ်းခွဲချင်တဲ့အခါ ဆိုးရွားတဲ့စကားတွေ ပြောကြလေ့ရှိပါတယ်။ ကိုယ့်ချစ်သူကို အချစ်နဲ့မထိုက်တန်သူအဖြစ် ပြောဆိုကြပါတယ်။

“နင်က သဘောထားသေးသိမ်တယ်။

သည်းမခံတတ်ဘူး။

Sensitive ဖြစ်လွန်းတယ်” စတဲ့ စကားတွေနဲ့ စကားနာထိုးကြတယ်။

အပြောခံရသူဘက်ကလည်း ကိုယ့်ချစ်သူပြောတာတွေကို နားယောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်မိတတ်ပါတယ်။ သင်နဲ့သင့်ချစ်သူကြားမှာလည်း ပြဿနာလေးတွေတက်တိုင်း အချစ်နဲ့မထိုက်တန်သူအဖြစ် ခံစားလာအောင် သင့်ချစ်သူဘက်က သင့်ကို အမြဲတမ်းပြောလာမယ်ဆိုရင် သင်ကိုယ်သင်လည်း အချစ်နဲ့မထိုက်တန်ဘူးလို့ ယုံကြည်လာပါမယ်။ သင့်စိတ်ထဲမှာလည်း သင့်ကိုယ်သင် အပြစ်တင်လာမယ်။

တကယ်တော့ သင့်ချစ်သူက အချစ်နဲ့မထိုက်ဘူးဆိုတဲ့ စကားနဲ့ သင့်ကို လှည့်ဖျားဖို့ ကြိုးစားနေမယ်။ သူ့စကားတွေအတိုင်း သင့်ကိုယ်သင် ယုံကြည်လာအောင် လုပ်နေမယ်။ သင့်အပေါ် သူ့ထင်မြင်ချက်တွေနဲ့ ချည်နှောင်လာပါမယ်။ ဒါကြောင့် သင့်ရဲ့မူရင်းပုံစံအမှန်ကို မေ့ပြီး သင်ကိုယ်သင်လည်း အချစ်နဲ့မထိုက်တန်ဘူးလို့ မြင်လာပါမယ်။ အရင်လို သည်းခံနိုင်စွမ်းတွေလည်း လျော့ကျလာပါမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ အချစ်နဲ့မထိုက်သူဆိုတာ မရှိပါဘူး။ သင့်ဘဝထဲမှာ အချိန်အကြာကြီးရှိခဲ့တဲ့လူတစ်ယောက်ကို လက်လွှတ်ပေးဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမဲ့ သင့်ကို မယုံကြည်ဘူး၊ တန်ဖိုးမထားဘူး၊ သင့်အချစ်က ပေါ့ပျက်ပျက်နိုင်တယ်လို့ သင့်ချစ်သူစကားတွေကြောင့် သင့်ကိုယ်သင့် ခံစားနေရပြီဆိုရင် သင်တို့အချစ်ရေးမှာ အပြန်အလှန်ချစ်နေကြတာ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာပါပဲ။

ဘာလို့လဲဆိုတော့ သင့်ချစ်သူက သင့်ခံစားချက်၊ ယုံကြည်ချက်နဲ့ သင့်ကိုယ်သင် ချစ်စိတ်တွေကိုတောင် ဖျက်ဆီးနေလို့ပါ။ ပြီးတော့ သင့်လုပ်ရပ်တိုင်းမှာလည်း သင့်ကိုယ်သင် သံသယစိတ်တွေ ဝင်လာပါတယ်။ ဒါကြောင့် ဒီလိုအဆိပ်သင့်အချစ်ရေးကနေ ရုန်းထွက်ပြီး သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ သင့်ဘဝကို ပြန်လည်ပုံဖော်ပါ။

သင့်ဘဝကို အောက်ဆွဲချနေတဲ့ အချစ်ရေးမှာ ရှိနေခြင်းထက် တစ်ကိုယ်တည်းဘဝကမှ ပိုကောင်းပါသေးတယ်။ သင်လည်း အချစ်နဲ့ထိုက်တန်ဆိုတာ မမေ့ပါနဲ့။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။