ကိုယ့်စကားကိုယ် တာဝန်ယူတတ်တဲ့သူဖြစ်ပါစေ။

blank

သားရေ…

“စကားကို လွယ်လွယ်မပြောတတ်တဲ့သူတွေဟာ အကြီးမားဆုံးစကားအောင်သူတွေဖြစ်ကြတယ်” ဆို တဲ့ အဆိုအမိန့်လေးတစ်ခုကို မေမေမှတ်သားဖူးတယ်။ သားလည်း အရွယ်ရောက်လာပြီဆိုတော့ သားကြီးပြင်း လာတဲ့ဝန်းကျင်မှာ လူမျိုးစုံကို မြင်တွေ့ဖူးမှာပါ။ တချို့တွေက စကားများများပြောကြတယ်။ ဒါပေမဲ့ ထိထိ ရောက်ရောက်မပြောတတ်ကြဘူး။ တချို့တွေကျတော့ စကားနည်းနည်းပဲပြောတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ စကားက တစ်ခွန်းဆိုတစ်ခွန်းအလိုက် ထိရောက်မှုရှိကြတယ်။ အဓိကကတော့ ပြောတဲ့စကားက လိုရင်းတိုရှင်း ဖြစ်လို့ ထိရောက်တာအပြင် နည်းနည်းပဲပြောတဲ့စကားနောက်ကွယ်မှာ တာဝန်ယူမှုအပြည့်ပါတာကြောင့်လို့ မေမေက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကတိတွေအများကြီးပေးဖို့ လွယ်ပါတယ်။ ပေးတဲ့ကတိ အား လုံးတည်အောင် လူတိုင်းမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ တချို့တွေက နောက်မှ မလုပ်နိုင်ရင်၊ မလုပ်နိုင်ရော လော လောဆယ် တစ်ဖက်သားသဘောကျဖို့ ပါးစပ်ကတိတွေ လွယ်လွယ်ပေးလိုက်ကြတယ်။ အဲ့ဒီအကျင့်ကြာလာတဲ့ အခါ ကိုယ့် စကားတိုင်းကလည်း မယုံရတဲ့အဖြစ်ကို ရောက်သွားတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် သားဘဝမှာလည်း စကားတစ်ခွန်းကို ဘယ်တော့မှ လက်လွတ်စပယ်မပြောပါနဲ့။ ကတိတွေ ကိုလည်း လွယ်လွယ်မပေးပါနဲ့။ ပေးပြီးတဲ့ကတိတွေဆိုရင်လည်း အတတ်နိုင်ဆုံးတည်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ သားက လူတိုင်းလေးစားရတဲ့ စကားတည်ကြည်သူယောက်ျားကောင်းတစ်ယောက်ဖြစ်လာမှာ အမှန်ပါပဲ။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။