သမီးမလုပ်ထားတဲ့ အပြစ်အတွက် တောင်းပန်နေတာတွေ ရပ်လိုက်ပါ။

blank

သမီးကြိုက်တဲ့ နှုတ်ခမ်းနီအရောင်တောက်တောက်ကို သမီးဆိုးလိုက်တယ်။ လမ်းပေါ်သမီးဖြတ်သွားတဲ့အခါ ကောင်လေးတွေက လှမ်းစတယ်။ သမီးအစ်ကိုက “အဲ့ဒီလောက်ပဲများရကောင်းလားလို့ ဆူတဲ့အခါ သမီးကပြောတယ်။ Sorry တဲ့။

ဆံပင်ညှပ်ဆိုင်ကို သွားပြီး သမီးဆံပင်ညှပ်တယ်။ ဆံပင်တွေဖွာလန်ကြဲနေလို့ အလှပြင်ဆိုင်က ကောင်မလေးကို တောင်းပန်နေတာ ကြားလိုက်တယ်။ အစ်မရယ် အားနာလိုက်တာတဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သမီးသူငယ်ချင်းက ညကြီးမိုးချုပ်ဖုန်းဆက်တယ်။ သမီးလေးက အိပ်စုံမှုန်ဝါးနဲ့။ Sorry ပါ သူငယ်ချင်း ငါအစောကြီးအိပ်တတ်တဲ့ အကျင့်ရှိလို့ ဆိုပြီး တောင်းပန်ပြန်တယ်။

တကယ်တော့ အခြေအနေတွေအားလုံးမှာ သမီးလုံးဝမမှားခဲ့ဘူး။ ဒါပေမဲ့ သမီးအမြဲတမ်းတောင်းပန်နေခဲ့တယ်။ ဒါ့ကြောင့် သမီးလေးကို မှာချင်တာက…

  • ကိုယ့်ရဲ့နှလုံးသားနောက်ကို လိုက်ခဲ့မိတဲ့အတွက်
  • ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်
  • ကိုယ့်ရဲ့အရှိအတိုင်းလက်ခံမှုတွေ ရဖို့အတွက် ဘယ်တော့မှ မတောင်းပန်ပါနဲ့။

သမီးလေးကို အမှန်တကယ်ချစ်ခင်တန်ဖိုးထားတဲ့သူတွေဟာ သမီးကို သမီးရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့အတူတူ လက်ခံပါလိမ့်မယ်။

သမီးလေးရဲ့…

မေမေ