ရက်ရက်စက်စက် အသည်းကွဲနေတဲ့အခါ ဖတ်ဖို့

blank

နာကျင်စရာတွေအများကြီးနဲ့ ဒဏ်ရာရဖူးတဲ့ နှလုံးသားမို့ အနာပြန်ကျက်ဖို့ ခက်နေပြီလား။

အသည်းကွဲဖူးပြီမို့ နောက်ထပ်ချစ်ရမယ့်သူတစ်ယောက်ရှာဖို့လည်း ကြောက်နေပြီလား။

သင့်အခန်းရဲ့အမှောင်မိုက်ဆုံးနေရာလေးမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ နေနေတော့မှာလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

လူ တိုင်းရဲ့ဘဝမှာ နှုတ်ဆက်ခွဲခွာချိန်ဆိုတာ မလွဲမသွေကြုံတွေ့ကြရမယ့်အရာပါ။

သင်ချစ်တဲ့သူနဲ့ ခွဲခွာရတယ်ဆိုတာ…

သင်ချစ်တဲ့သူက သင့်အတွက် မဟုတ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

သင်တို့နှစ်ယောက် တစ်သက်လုံးအတူရှိသွားဖို့ ကံမပါတာလည်း ဖြစ်ကောင်းဖြစ်မယ်။

တကယ်တော့… သင့်ဘဝထဲက သူထွက်သွားတာဟာ ဘဝမှာ တစ်ယောက်ယောက်မရှိလည်း သင့် ဘဝက ရှေ့ဆက်နေရမှာပဲဆိုတာ သင်ခန်းစာယူဖို့ ဖြစ်တယ်။

ဒါကြောင့် အဖြစ်မှန်ကို လက်ခံဖို့ ကြိုးစားပြီးတဲ့အခါ တစ်ယောက်ယောက်ကို သင်ချစ်ခဲ့တဲ့အတိုင်း သင့် ကိုယ်သင်ချစ်ပါ။ မရေ ရာမသေချာတဲ့ နေရာတစ်ခုမှာ ဘယ်တော့မှ ရပ်တန့်မနေလိုက်ပါနဲ့။ သင့်ရည်ရွယ်ချက်တွေ ဆီ လျှောက်လှမ်းပါ။

သင့်ခံစားချက်တွေကို ကျော်လွန်သွားတဲ့တစ်နေ့မှာ ဘဝကလည်း သင့်ကို လှပတဲ့အတွေ့အကြုံတွေနဲ့ အတူ အသည်းကွဲဒဏ်ရာပြန်သက်သာအောင် ကုစားပေးသွားမှာပါ။      သေချာတာကတော့ ဘယ်လိုအခြေအနေပဲရောက်နေနေ သင့်အတွက် သင်တစ်ယောက်လုံး အမြဲရှိနေ တယ်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့နော်။